အမှန်ကတော့ what people read ကိုပြောချင်တာ ပါ။ မျက်စိနဲ့ ဖတ်တာလို့ လွယ်လွယ်ပြောလို့ရပါတယ်။ ဒါပေမဲ့ Content တစ်ခုမှာ လူတစ်ဦးစီ ဖတ်ပုံ ဖတ်ခြင်းမတူပါဘူး။ Digital Media တစ်ခုကို မရောက်ခင် ကိုယ့်ကိုယ်တိုင်ပဲ စာဘယ်လိုဖတ်လဲ Analysis လုပ်ဖြစ်ပါတယ်။ဒါပေမဲ့ ကိုယ် ပတ်ဝန်းကျင်ပဲ ကြည့်ဖြစ်တာပေါ့။ နောက်တော့ Digital Media တစ်ခုမှာ စလုပ်တော့ လူတွေ စာဘယ်လိုဖတ်လဲ လေ့လာဖြစ်တယ်။ ကျနော်တို့ Media က လူငယ်တွေ Target ထားတာဖြစ်တဲ့အတွက် New Generation တွေ စာဘယ်လိုဖတ်လဲ ပိုသိလာတယ်၊ ပိုမြင်လာတယ်။
စာ ဆိုတာ ဘာလဲ?
စာလို့ သုံးနှုန်းထားလို့ အခု post မှာ ဆိုလိုတဲ့ စာဆိုတာက အများစု သတင်းတွေ၊ Blog တွေ၊ ကို ရည်ရွယ်တယ်လို့ ကြိုပြောချင်ပါတယ်။ ဒါတွေနဲ့ပဲ ကျနော် ရင်းနှီးနေတာကို။ အထူးသဖြင့် social media မှာ ဘယ်လိုဖတ်လဲ ဆိုတာပြောချင်တာပါ။ Social Media လို့ ဆိုပြန်ရင်လဲ ကျနော်တို့ နိုင်ငံမှာတော့ FacebookFacebook ဆိုတာ Meta က ထုတ်လုပ်ထားတဲ့ Social Networking Site တစ်ခုပါ။ ပထမတော့ ကောလိပ်ကျောင်းသားတွေ အတွက် ဖန်တီးထားတာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ Mark Zuckerberg က Harvard University မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ More ပဲပေါ့။ အဲတော့ FacebookFacebook ဆိုတာ Meta က ထုတ်လုပ်ထားတဲ့ Social Networking Site တစ်ခုပါ။ ပထမတော့ ကောလိပ်ကျောင်းသားတွေ အတွက် ဖန်တီးထားတာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ Mark Zuckerberg က Harvard University မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ More ပေါ်မှာ လူတွေ စာဘယ်လိုဖတ်လဲပေါ့။
တကယ် ဖတ်ကြလား ?
ဒီမေးခွန်း ကို ပွင့်ပွင့်လင်းလင်း ဖြေရရင် မဖတ်ဘူး လို့ပဲ ဖြေရမှာပါပဲ။ အစ အဆုံးဖတ်တဲ့သူဆိုတာရှားပါတယ်။ လိုတာ ရွေးဖတ်သွားတဲ့သူတွေလဲ ရှိတယ်။ Digital Content လုပ်နေတဲ့သူဆိုရင် ဒီ အောက်က ပုံက အသုံးဝင်မယ်လို့ ထင်ပါတယ်။

ဒီပုံက over all ခန့်မှန်းရလွယ်အောင် ထုတ်ပြထားတာပါ။
What People Read
ဒီတော့ Post တစ်ခုတွေ့တာနဲ့ လူတွေ က ပုံ(Image) အရင်ကြည့်တဲ့သူများပါတယ်။ ဒါကြောင့် ကျနော်ဆို ပုံလှလှလေးတွေ အမြဲသုံးဖို့ အမြဲ အကြံပေးလေ့ရှိတယ်။
နောက်ထပ် ဒုတိယနေရာကကြည့်တာကတော့ HeadLine ပေါ့။ ကျနော်ဆို ကြုံဖူးတယ် လူတွေက Headline တစ်ခုပဲ ကြည့်ပြီး comment ပေးတာတွေကိုပေါ့။ Headline ဆိုတာ တိုတိုနဲ့ လိုရင်းပေးတက်တာကြောင့် အစအဆုံးကို တန်း အဖြေထုတ်ဖို့ခက်ပါတယ်။ ဒါပေမဲ့လဲ ဒီ headline ကိုပဲကြည့်လိုက် comment ပေးလိုက်လုပ်နေတသူတွေက တစ်ပုံကြီးပါ။
Caption: social media မှာ share ပြီဆိုကတည်းက ဒီတိုင်း share တာနဲ့ ပြောချင်တာလေး ထည့်ပြောတာဖြစ်ဖြစ် caption လေးနည်းနည်းထည့် share တာနဲ့ မတူပါဘူး။ ဒါပေမဲ့ သူကတော့ တတိယနေရာမှာပဲ ရှိပါတယ်။ နောက်တစ်ခုက sub-headline ပါ ဒါလဲ ကြုံဖူးပါတယ် ဆောင်းပါးရှည်တွေမှာဆိုရင် sub-headline တွေကိုပဲ ရွေးဖတ်သွားတာမျိုးပေါ့။ အဲမှာပဲ နောက်တစ်ခုက နောက်ဆုံး စာပိုဒ်ပါ။ ဘာဖြစ်သွားလဲ ဆိုတာ လူတွေကြိုသိချင်တဲ့ အတွက် ဖတ်တာ ပါပြီးမှ ပြန်တက်ဖတ်တာမျိုးတွေလဲ ကြုံဖူးပါတယ်။ နောက်ဆုံး percent အနည်ဆုံးကတော့ body ကိုဖတ်တာပါပဲ။ ဒါကြောင့် စာ မဖတ်ဖူးလို့ ကျနော်ဆိုလိုချင်တာပါ။
တစ်ချို့ Digital Marketing စာအုပ်တွေမှာတော့ တွေ့ဖူးပါတယ်။ အဲမှာ တွေ့ဖူးတဲ့ သူတို့ပြောတဲ့ စာဘယ်လိုဖတ်လဲဆိုတဲ့ result ရယ် ကျနော် digital media ကြီးတစ်ခုမှာ analysis လုပ်ကြည့်တုန်းက result ရယ် အဲနှစ်ခုပေါင်းပြီး တစ်ခုထဲ ဆွဲထားတာဖြစ်လို့ အသုံးဝင်မယ်လို့ ယူဆပါတယ်။ သတိထားရမှာကတော့ Image ရယ်၊ Headline ရယ်၊ Caption ရယ် သုံးခုပါပဲ ဒီ သုံးခုပေါင်းမှ သင့် Content ကို ဆက်ဖတ်မယ်ဆိုတဲ့ သဘောပါပဲ။
Comments