wordpress ကတော့ သိတဲ့အတိုင်း website တစ်ခုကို Managment လုပ်တဲ့ CMS လို့ခေါ်တာပေါ့။ ကျနော်တို့ ဘာလို့ wordpress site ကို ဘယ်လို ပုံတူလုပ်ချင်တာလဲ အရင်ဖြေကြည့်ရအောင်
အဓိကကတော့
- (၁) မိမိ စမ်းနေတဲ့ staging အဆင့်က website က အဆင်သင့်ဖြစ်တော့ Main Website URL ကို ချိန်းချင်လို့
- (၂) မိမိ အရင်က ယာယီသုံးနေတဲ့ Domain Name ကိုပြောင်းချင်လို့ပဲ ဖြစ်ဖြစ်
- (၃) သူငယ်ချင်းအတွက် ဒီပုံစံပဲ တည်ဆောက်ပေးချင်လို့
စတဲ့နေရာတွေမှာ ပုံတူလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။
အဲတော့ ပုံတူပြုလုပ်ဖို့ ဆို အရင်ဆုံးလို အပ်တဲ့ အဆင့်(၁) ကနေသွားပါမယ်။ ပထမဆုံး Duplicator Plugin ကို ရှိနေတဲ့ WordPress Site ထဲကို (Install) ထည့်ပါ။

အဆင့်(၂) – Duplicator ကို Activate လုပ်ပြီးသွားရင် Duplicator ဆိုတာလေး ဘယ်ဘက်က bar မှာပေါ်လာပါလိမ့်မယ် အဲထဲက Package ကိုသွားပါ။ ပြီးရင် Create New ကို နှိပ်ပါ။

ထို့နောက် . နာမည်ပေးပြီး Next ကို နှိပ်ပါ။

အားလုံး Good အစိမ်းဖြစ်နေရင် နောက်တစ်ဆင့် ဆက်သွားလို့ရပါပြီ။ မဟုတ်ပဲ Fix လုပ်ရမယ့်ဟာတွေ တွေ့ရင်လဲ Fix လုပ်ရပါမယ်။

အဆင့်(၃) – Complete Build ဖြစ်သွားတဲ့အချိန်မှာ အောက်ကပုံအတိုင်း File (၂) ခုကျလာပါလိမ့်မယ်။ (၂) ဖိုင်စလုံးက အရေးကြီးတာဖြစ်လို့ Download Both File ကိုပဲရွေးပါ။ သင့် Website ရဲ့ Data အနေထားပေါ် မူတည်တဲ့အတွက် Download လုပ်ချိန်ကြာနိုင်ပါတယ်။

အဆင့်(၄) Download လုပ်ပြီးပြီဆိုတာနဲ့ နောက် site တစ်ခုရဲ့ file လမ်းကြောင်းသွားပါမယ်။ ဒီနေရာမှာ ကိုယ်က NameCheap Hosting ဝယ်ထားတဲ့အတွက် NameCheap Cpanel ရဲ့ ကနေ ဆက်ပြသွားမှာဖြစ်ပါတယ်။
အဆင့်(၅) အနေနဲ့ကတော့ မိမိ ရည်ရွယ်ထားတဲ့ Domain Name ရဲ့ Folder လမ်းကြောင်းထဲမှာ ခုန ဖိုင်နှစ်ခုကို ကူးထည့်ရပါတယ်။ ဒီအဆင့်မှာ မိမိ Domain က Ready အနေအထားဖြစ်နေရမှာပါ။ ဆိုလိုတာက မိမိ domain ဟာ hosting နဲ့ အသင့်ချိတ်ဆက်ထားပြီး wordpress install မလုပ်ခင် အဆင့်ထိ ဖြစ်နေရမှာပါ။ မဟုတ်သေးဘူးဆိုရင်တော့ ဒီ Video လေးကို သွားကြည့်လိုက်ပါ။

အဆင့်(၆) – ပြီးတာနဲ့ မိမိ Browser မှာ အောက်ပါ အတိုင်း စမ်းခေါ်ကြည့်ပါ။ အောက်ကပုံအတိုင်းကျလာပါလိမ့်မယ်။
http(s)://your-domain/installer.php
http(s)://your-domain/[hashed-secure-data]_installer.php

ဒီအဆင့်မှာ Database Connection တောင်းတာဖြစ်လို့ ကျနော်တို့ Namecheap က Cpanel မှာ Database တစ်ခုတည်ဆောက်ရပါမယ်။ ဒါကြောင့် Cpanel > Database > MySQLdatabase ကိုသွားပါ> Create Database မှာ နာမည်တစ်ခုပေးပြီး တည်ဆောက်ပါ။

ပြီးရင် Database အတွက် User Create လုပ်ပါ။ ပြီးရင် အဲ User ကို အဲဒီ Database မှာ ထည့်ပါ။


Database ထဲမှာ ထည့်ပြီးပြီဆိုရင် ဒီ အဆင့်အတွက် ပြီးသွားပါပြီ ခုန Browser ကိုပြန်သွားပါ။
ခုန Browser မှာ အပေါ်မှာ create လုပ်ခဲ့တဲ့ Database နဲ့ User ကို ထည့်လို့ရပါပြီ။ အဲဒါပြီးတာနဲ့ အဆင်ပြေမပြေ Validate လုပ်ပါ။

အဆင့်(၇) – ဒီအဆင့်မှာ အကုန် စိမ်းပြီး All Pass ဖြစ်ရင် Next ကိုသွားလို့ရပါပြီ။ ပြီးတာနဲ့ သူ install လုပ်တာ ခဏစောင့်ရပါမယ်။

100% ပြည့်သွားပြီဆိုရင် အောက်က ပုံအတိုင်းမြင်ရမှာ ဖြစ်ပြီး Admin Login ဝင်လိုက်တာနဲ့ Duplicate လုပ်တဲ့အဆင့်ဆင့် ပြီးသွားပါပြီ။

သိချင်တာရှိရင် ဒီ Post အောက်မှာ comment နဲ့ မေးနိုင်ပါတယ်။ အဆင်ပြေကြပါစေ။
Comments