ယခင် က Yangon ?

Yangon Taxi Services လို့ ပြောလိုက်တာနဲ့ Taxi မောင်းတယ် ဌားတယ် ဒါဟာ Services တစ်ခုမဟုတ်ပါဘူး။ ယခင် က Yangon မြို့မှာ  Taxi စီးမယ်ဆို လမ်းပေါ်ထွက်မယ်.. လက်လေးပြပြီး Taxi တားမယ်၊ Taxi လေးက လမ်းဘေးလာရပ် (တစ်ချို့ကတော့ လမ်းလည်ခေါင်ပဲ ရပ် ပေါ့) လာပြီး

“ဘယ်သွားမလဲ ?”

“တာမွေ ပလာဇာကို ဘယ်လောက်လဲ ဗျ? ”

“၅၀၀၀ ပဲ ပေးပါ ”

“သွားနေကြ ၃၅၀၀ ပါပဲ”

“အေး အေး .. တက် ”

ဒီလိုနဲ့ Taxi ပေါ်ရောက်ပြီး ခရီးတစ်ခု အဆုံးထိ သွားခဲ့ကြတယ်။

2016 နောက်ပိုင်း ….

ခု 2016 နောက်ပိုင်းမှာတော့ Taxi Services တွေ ပေါ်လာပါပြီ … ဖုန်းဆက်ပြီး ဘယ်သွားမယ် ဘယ်ချိန်သွားမယ် ကြိုချိန်းလို့ ရသလို Mobile ခေတ် ဖြစ်လာတဲ့ အလျောက် လူတိုင်း Smart Phone ပေါ်မှာ Taxi Application တွေ သွင်းထားရုံနဲ့ ကိုယ်ရောက်နေတဲ့ နေရာ ကနေ ဘယ်သွားမလဲ လမ်းကြောင်းဆွဲပြီးတာနဲ့ ခေါ်လိုက်ရုံနဲ့ အနီးဆုံးမှာ ရှိတဲ့ Taxi Driver တွေဆီမှာ noti သွားတက်ပြီး လက်ခံလိုက်တာနဲ့ ကိုယ့် ဆီမှာ ရပြီ ဆိုတာ ပေါ်လာပါလိမ့်မယ်။

yangon taxi services

ဒီလို Taxi App တွေ လိုချင်ရင်တော့…

Android ဖုန်းတွေအတွက် (တစ်ချို့ ဟာတွေက Register အရင်လုပ်ရပါတယ်)

Uber > Download Here  (Register လုပ်ပြီး ဒေါင်းလို့ရပါတယ် )

Grab > Download Here (Register လုပ်ပြီး ဒေါင်းလို့ရပါတယ် )

Apple သမားတွေ အတွက် iOS application တွေကတော့ ..

Uber > Download Here  (Register လုပ်ပြီး ဒေါင်းလို့ရပါတယ် )

Grab > Download Here (Register လုပ်ပြီး ဒေါင်းလို့ရပါတယ် )

မဟုတ်ရင် Google Play တို့ App Store မှာလဲ ရှာလို့ရတယ်နော်.

အဆင်ပြေကြပါစေ။ နောက်ပိုင်း App တွေ အကြောင်း ဆက်ရေးပါအုံးမယ် 🙂

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles