သူငယ်ချင်းတွေကတော့ ကျနော့်ဆို သဘောကောင်းတယ် Humble ဖြစ်တယ် ပြောကြတယ်။ အဲနောက်ကွယ်မှာ ဘာတွေ ဖြစ်နေလဲ ဘာတွေကို မျိုသိပ်နေရလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒီ Blog က ကျနော့် ခံစားချက် ကိုပဲ ရေးတာဖြစ်လို့ ဘာပညာမှ ရမှာ မဟုတ်ပါဘူး။ အဲတော့ စိတ်ဝင်စားမှ ဖတ်ကြပါ။

ကျနော်က social အရရော communication ကောင်းတဲ့သူလို့ သတ်မှတ်ခံရပါတယ်။ အဲဒါကောင်းလားဆိုတော့ ကောင်းပါတယ်။ မကောင်းတာဘာလဲဆိုတော့ တစ်ခါတစ်လေ ကိုယ်ကို ရှိတယ်လို့ မထင်တာ သည်းခံမှန်းသိတော့ လုပ်ချင်တိုင်းလုပ်ကြတယ်။

တစ်ခါတစ်လေတော့လဲ တန်ဖိုးကို မသိကြတဲ့သူတွေနဲ့ မဆက်ဆံချင်ဘူး။ အမှန်တိုင်းပြောတာ။ အဲတော့ တွေးမိတာ တစ်ဖတ်ဖတ်မှာ အစွန်းရောက်ရင် မကောင်းဘူးဆိုတာပါ။ အရမ်း သဘောကောင်းလွန်းလဲ မကောင်းဘူး။ ကောင်းသင့်တာ ကောင်း။ ဆိုးသင့်တာ ဆိုးသင့်တယ်လို့ မြင်လာတယ်။ အရမ်း အားနာတက်လွန်းလဲ မကောင်းဘူး။ အားနာရင်လဲ အဲပေါ်ချ နင်းသွားတာပဲ။ တကယ် ကူကြ ဆို ကိုယ့်ဘေးနားဘယ်သူမှ မရှိကြဘူး။

ဒါလဲ လူ့သဘာဝပဲ လေလို့ ကျနော်က တွေးပေးပြန်ရော။ အဲလိုနဲ့ ကိုယ်တိုင် စိတ်လျော့ ခဲ့ရတာတွေရှိတာပေါ့။ စိတ်လျော့ပါ များလာတော့ ပေါက်ကွဲခွင့်တောင် မရခဲ့ပါဘူး။ ဒီလိုနဲ့ မျိုသိပ် ရပြန်ရောပေါ့။

တစ်ခါတစ်လေ social media မှာ လူတွေရဲ့ behaviour ကိုလေ့လာကြည့်တယ်။ အပြင်မှာလဲ အဲလို လေ့လာရတာ ဝါသနာပါတယ်။ ထားပါ။ အဲလိုလေ့လာရင်း ကိုယ့်ထက် အားကျတဲ့သူတွေ့ရင် အားကျ မိပြန်တယ်။ အဲလို မဟုတ်ပဲ ကိုယ့်လောက်တောင် အဆင်မပြေတဲ့သူတွေ တွေ့ပြန်တော့လဲ ကိုယ်က လိုက်ခံစားမိတယ်။ အဲကျရင် တွေးရင်းနဲ့ ဘဝ အကြောင်းတွေ ရောက်သွားပြန်ရော။ လူဖြစ်ရတာ ဘာညာတွေ ပေါ့။

ဒါကို ကျနော်တစ်ယောက်ပဲ ဖြစ်နေတာလား? ကျနော်နဲ့ အတူတူ ဖြစ်ရပ်မျိုး ဖြစ်တဲ့သူ ရှိလားလဲ သိချင်ပြန်ရော..။ စိတ်က ကရောက်ချောက်ခြားတွေ ဖြစ်နေရော။ နောက်တစ်ခုက Pressure ပဲ လူတစ်ယောက်မှာ ဘယ်သူမှ မမြင်နိုင်တဲ့ ဖိအားတွေ ရှိနေကြတယ်။ ကြီးတာ သေးတာပဲ ကွာမယ်။ ကျနော် ကတော့ ထူးဆန်းတယ် မရှိရင်လဲ မနေနိုင်ဘူး ရှိရင်လည်း အကုန်လုံးကို လွတ်ချ ပြီး ထွက်သွားချင်တယ်။

တစ်ခါ လုပ်ဖူးတယ် အကုန်လုံးကို Restart ချလိုက်သလိုပဲ။ ပျော်ပျော်ကြီးနေပလိုက်တယ်။ ခက်တာက နည်းနည်း အရှိန်ပြန်ရလာရင် ပြင်းလို့ ပြန်လိုချင်လာပြန်ရော။ တကယ်ပြောချင်တာကတော့ ဘယ်အရာမှ အစွန်းတွေ ရောက်သွားတာ မကောင်းဘူးဆိုတာပဲ။ ဉပမာပြောရရင် ကျနော် က အမြဲ ကိုယ့်သူငယ်ချင်းတွေ မိဘတွေကို ပျော်စေချင်တော့ ကိုယ့်ကိုယ်ကို ညာတယ်။ ဟာသတွေ အမြဲလုပ်တယ်ပေါ့။ ကိုယ်တကယ် feel ပြီဆိုရင်လဲ ဟာသလုပ်တယ်ပဲ ထင်ကြတော့တယ်။ မယုံရင် ကျနော့် တစ်ချို့ status တွေက တကယ် ခံစားရတာ။ ဒါပေမဲ့ သူတို့လဲ ဘယ်သိကြမလဲ။ ဒီနေ့တော့ ဒါပဲဗျာ နောက်ပိုင်းလဲ ဆက်ရေးချင်ရေးအုံးမှာပဲ။ အဲဒါကြောင့် Blog Categories တွေကို Tech, Marketing & Lifestyle လို့ပေးထားသေးတာပဲ။

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles