လန်ဒန်မြို့မှ ရဲတွေရဲ့ Facial Recognition နည်းပညာ

မြို့ပြကြီးမှ ရဲအရာရှိများသည် Romford Station အပြင် အရှေ့လန်ဒန်တွင် Facial Recognition နည်းပညာကို နည်းပညာအရ ခြေရာခံခြင်း ပိုကျယ်ပြန့်စေရန် တစ်စိတ်တစ်ပိုင်းအနေဖြင့် နှစ်ရက် ထိရောက်စွာ အသုံးပြုခဲ့ကြသည်။

ယခင် ၂၀၁၇ ခုနှစ်တွင် Met သည် ထိုနည်းပညာကို Leicester Square, Piccadilly Circus, Soho နှင့် အငြင်းပွားဖွယ်ဖြစ်သည့် Notting Hill Carnival ဆိုသည့် London အချက်အချာကျသော အပိုင်းများတွင် စမ်းသပ်ခဲ့သည်။ ဒီဇင်ဘာ ၂၀၁၈ ခုနှစ်၊ Westminister ၌ ပြုလုပ်ခဲ့သည် စမ်းသပ်မှုတစ်ခုတွင် အကြမ်းဖက်ခြင်း ရာဇဝတ်မှုများနှင့် တစ်ဦးချင်း အလိုရှိနေသော ချိတ်ဆက်မှုတွင် စနစ်အသုံးပြုခြင်း၏ ရလဒ်အဖြစ် နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

Detective Chief Superintendent Ivan Balhatchet သည် live facial recognition ဗျူဟာကို ဦးဆောင်သူမှ “The Met က လက်ရှိတွင် live facial recognition အသုံးပြုခြင်းကို ပြုလုပ်နေပြီး စမ်းသပ်ကာလ က လည်း ပြီးဆုံးတော့မှာပါ” ဟူ၍ ပြောခဲ့သည်။ “The Met အတွက် အဓိက အရေးကြီးတဲ့အရာကတေ့ အကြမ်းဖက် ရာဇဝတ်မှုတွေကို ဖြေရှင်းကိုင်တွယ်ရန် ဖြစ်ပြီး ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လူမှုအသိုက်အဝန်းကို ကာကွယ် ကူညီဖို့နဲ့ ထိန်းသိမ်းကြပ်မတ်တဲ့ လှုပ်ရှားမှုစံနှုန်းကို ပံ့ပိုးဖို့အတွက် ထွက်ပေါ်လာတဲ့ နည်းပညာအားလုံးကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု ပြောသည်။

နည်းပညာကို စမ်းသပ်မှုမှာ စမ်းသပ်နေခြင်းက အချိန်တွေကို ပိုတိုးတက်စေပြီး တစ်ရက်ထက်တစ်ရက် ထိန်းသိမ်းကြပ်မတ်ရာမှာလဲ အဖိုးအရမ်းတန်လာနိုင်ပါတယ်။

လန်ဒန်တွင် မကြာသေးမီမှ ဖြစ်ပွားခဲ့သည့် အထူးသဖြင့် ဓားဖြင့်ထိုးခြင်း နှင့် အက်ဆစ်နှင့် တိုက်ခိုက်ခြင်းများအတွက် စိုးရိမ်မှုများရှိသည့်အတိုင်း အစီရင်ခံမှုများလည်း ရှိပါတယ်.. The London Assembly Police နဲ့ Crime Committee က အကြမ်းဖက် ရာဇဝတ်မှုနှင့် ပတ်သက်၍ ဆက်လက် ချိတ်ဆက်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ ၂၀၂၀ လန်ဒန် မြို့တော်ဝန် ရွေးကောက်ပွဲတွင် အကြမ်းဖက် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံမှုတွေ ပါဝင်ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေက ထည့်သွင်းလာနိုင်ပါတယ်

Facial Recognition နည်းပညာကို US ဥပဒေစည်းနှော်င်တဲ့ agencies တချို့တွေမှာ အသုံးပြုနေပြီး လူထုကြားတွင် ကျူးလွန်သည့် အကြမ်းဖက် ရာဇဝတ်မှုများကို လျေ့ချသည့် ကိရိယာ တစ်ခုအနေဖြင့် အသုံးပြုရန် အကြံပြုထားသည်။

ထိုနည်းပညာကို Romford မှာ တစ်ရက်လျှင် ရှစ်နာရီ မနက် ၁၀ နာရီမှ ညနေ၆နာရီအထိ စမ်းသပ်သွားမည် ဖြစ်သည်။ ဖြတ်လျှောက်သူများကို စမ်းသပ်မှုအကြောင်း သတိပြုအောင် ပြုလုပ်မည် ဖြစ်ပြီး ယူနီဖောင်းဝတ်ဆင်ထားသည့် အရာရှိများမှလည်း လက်ကမ်းစာစောင်များကို ပေးသွားမည် ဖြစ်သည်။ Civil rights group Liberty က အစီရင်ခံထားသော်လည်း ထိုအဖွဲ့သည် လက်ကမ်းစာစောင်နှင့် ပတ်သက်သည့် အရာများကို လေ့လာမှုကို မပြုလုပ်ရသေးချေ။

နောက်ဆုံးစမ်းသပ်မှုသည် ရာဇဝတ်မှုကို ဟန့်တာသည့် နည်းပညာ၏ ထိရောက်မှုကို အမှီအခိုကင်းသည့် အကဲဖြတ်သုံးသပ်မှုများနှင့် ဆက်လက်ပြုလုပ်ဖို့ရှိသည်။ The Met မှလည်း တကယ့်အပြင်အခြေအနေများတွင် ထိုကရိယာကို စမ်းသပ်ရခြင်းသည် ပိုတိကျပြီး အကူညီဖြစ်သည့် အချက်အလက် စုဆောင်းမှုကို ရနိုင်သည်ဟု ဆိုသည်။

Photo: Liberty (Twitter)

ဝေဖန်သူများသည် ဥပဒေစည်းနှောင်မှု နှင့် နည်းပညာကို အသုံးပြုခြင်းသည် လုံခြုံမှုကို ပျောက်ဆုံးစေပြီး အထူးသဖြင့် အမျိုးသမီးများ နှင့် အသားရောင်မည်းသော သူများအတွက် ထိရောက်မှု မရှိ ဟူ၍ ပြင်းထန်စွာ ဝေဖန်ကြသည်။ လုံခြုံမှု အခွင့်အရေး အုပ်စု – Big Brother Watch မှ ငြင်းဆိုထားသည်မှာ နည်းပညာသည် “လုံခြုံမှု နှင့် ပတ်သက်သည့် အခြေခံ အခွင့်အရေးကို ချိုးဖောက်ပြီး လွတ်လပ်စွာ ပြောဆိုခြင်း နှင့် စုရုံးခွင့်ကို ချိုးဖောက်သည်” ဟု ငြင်းဆိုထားသည်။။