FaceTime ပေါ်တွင် တဖက်လူ မသိရှိပဲ video ဖွင့်လို့ရ

Apple ဟာ FaceTime application ကို ယာယီ အသုံးပြုလို့မရအောင်ပြုလုပ်ထားပါတယ်.. FaceTime ရဲ့ ချို့ယွင်းချက်ကတော့ လူတွေက ဖုန်းခေါ်ဆိုမှုကို မဖြေကြား/မတုံပြန်ခင် တဖက်လူက နားထောင်လို့ရအောင် ခွင့်ပြုထားတဲ့ ချို့ယွင်းမှု ပါရှိနေပါတယ်.. အဲ့ဒီအခြေအနေဟာ Users တွေကို တဖက်လူက ဖုန်းခေါ်မှုကို မဖြေကြား/မတုံ့ပြန်ခင် ထိုသူ၏ ဗီဒီယိုကို မြင်တွေ့နေစေခြင်းပဲ ဖြစ်ပါတယ်..

အဲ့ဒီချို့ယွင်းချက်နဲ့ ပတ်သက်ပြီး ပထမဦးစွာ အစီရင်ခံခဲ့တဲ့ 9to5Mac ကို Guardian ကလဲ အတည်ပြုပြီး ဖြစ်ပါတယ်… ဖုန်းမြည်နေစဉ်အတွင်းမှာ ဖုန်းလက်ခံ မဖြေကြားခင် တဖက်လူက အသံကြားရခြင်း ဖြစ်ပါတယ်… ဖုန်းလက်ခံရရှိသူက ခေါ်ဆိုမှုကို iPhone၏ ဘေးဘက်တွင်ရှိသော power button ကို နှိပ်လိုက်ခြင်းသည် အသံတိတ်သွားရန် သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို လျစ်လျူရှုရန် အသုံးပြုကြသော်လည်း ၎င်းတို့၏ ဖုန်းသည် ခေါ်ဆိုလာသူအတွက် video ရိုက်ကူးမှု စတင်နေပြီ ဖြစ်သည်။

Apple ကို Guardian က comment မှတ်ချက် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်မှု မရှိခဲ့ပါဖူး ..Company က Reuters ကို ပြောခဲ့တာကတော့ ပြသနာကို ကောင်းစွာသိရှိပြီး လာမဲ့အပတ်တွင် Software Update ပြုလုပ်သွားမယ်လို့ ဆိုပါတယ်..

လောလောဆယ် အချိန်တွင်းမှာတော့ Group FaceTime feature ကို Apple Web System Status အရ ယာယီ အသုံးပြုလို့ မရအောင် ပြုလုပ်ထားပါတယ်.. အဲဒီ feature ကို အသုံးပြုလို့ မရအောင် ပြုလုပ်ထားခြင်းအားဖြင့် ကုမ္ပဏီက ယင်းချို့ယွင်းချက်နဲ့ ပတ်သက်ပြီး အခြား အမြတ်ထုတ် အသုံးပြုမှုများ မဖြစ်အောင် ကာကွယ်ထားရန်အတွက် ကြောင့် ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းမှာတော့ Privacy နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်.. Apple အတွက် ရှက်ဖွယ်ပဲ ဖြစ်ပါတယ်.. Apple ဟာ ၂၀၀၇ ခုနှစ် ဥရောပကောင်စီမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူများအကြားတွင် Privacy ကာကွယ်မှု၏ အရေးပါပုံကို အသိပညာ မြင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ Data Privacy Day မှာ တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်… လူအများကို ထိုချို့ယွင်းချက်အကြောင်း ဖော်ပြပြီး နာရီပိုင်းအတွင်းမှာ Tim Cook, Apple ကုမ္ပဏီရဲ့ Chief Executive က “အမှန်တကယ် အန္တရယ်ရှိပြီ းနောက်ဆက်တွဲတွေဟာလဲ အရေးကြီးလွန်းပါတယ်ဆိုပြီး Tweeter မှာ “privacy ကာကွယ်မှုရဲ့ အရေးပါပုံ”ကို မျှဝေခဲ့ပါတယ်..

ထိုချို့ယွင်းချက်ကို Apple’s ရဲ့ နှစ်စဉ်ရလဒ်ရှင်းလင်းခြင်း နေ့ မတိုင်ခင်မှာပဲ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီရဲ့ မထင်မှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ယင်း၏ ဘဏ္ဍငွေ ခန့်မှန်းချေ အနည်းဆုံး $5bn (£3.8bn) လျော့ကျမှုကြောင့် ဝရုန်းသုန်းကား ဖြစ်ခဲ့မယ်လို့ ခန့်မှန်းကြပါတယ်.. Cook ကတော့ တရုတ်နိုင်ငံမှ ရရှိသည့် ဝင်ငွေ ကျဆင်းမှုကို အပြစ်တင်ပြီး battery replcement အစီအစဉ်၊ နိုင်ငံခြားငွေ လဲလှယ်မှု ဖောင်းပွခြင်း နှင့် ဖုန်းအသစ်များအတွက် မတည်ငွေ များကြောင့် ဆိုပြီး ညွှန်းဆိုခဲ့ပါသေးတယ်..

Apple ဟာ Privacy မှတ်တမ်းနဲ့ ပတ်သက်တဲ့ ပြိုင်ဘက်နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ Google တို့ Facebook တို့နဲ့ ကွဲပြားအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်တယ်.. ဇန်နဝါရီလ အစောပိုင်းမှာတော့ ကုမ္ပဏီဟာ 13-floor billboard ကို Las Vegas မှာ ပြုလုပ်ခဲ့ပြီး Consumer Electronics Show မှာ “What happens on your iPhone, stays on your iPhone” ဆိုခဲ့ပါတယ်..

Apple ရဲ့ ဆုံးဖြတ်ချက်အရ Group FaceTime ကို ပိတ်ခဲ့တာဟာ ထိုချို့ယွင်းမှုကို အသုံးချမှု အလွှဲသုံးစားပြုလုပ်မှု ကြိုးပမ်းမှုများ က ကာကွယ်ရန် ဖြစ်ပါတယ်.. Users (အသုံးပြုသူ) အနေနဲ့လဲ ၎င်းတို့ ဖုန်းရဲ့ Settings ရဲ့ Submenu မှာ FaceTime ကို ပိတ်ထားလို့ရပါတယ်.. Apple ကတော့ iOS 12.2 Software update ကို လာမဲ့ အပတ်ထဲမှာ ထုတ်ပေးနိုင်မယ်လို့ဆိုပြီး ထို software update ထဲမှာ ပြင်ဆင်မှုတွေလဲ ပါဝင်သွားမှာ ဖြစ်ပါတယ်..

Apple က အသုံးပြုသူတွေကို ကာကွယ်ဖို့ ပြုလုပ်သွားသော်လည်း ဖုန်းနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် Operating System ကို update မလုပ်တဲ့ သူတွေအတွက် မရှင်းလင်းသေးပါဖူး… ဆိုလိုချင်တာက တချို့ အသုံးပြုသူတွေဟာ မလုပ်နိုင်တာ သို့မဟုတ် ဘယ်လိုလုပ်ရမယ်မှန်း မသိတာလဲ ဖြစ်နိုင်ပါတယ်.. Company ဘက်က FaceTime အသုံးပြုမှု ပိတ်လိုက်သောကြောင့် အသုံးပြုသူတွေ လုံခြုံစိတ်ချရသော်လည်း အဲ့ဒီ Feature ကို restore ပြန်လုပ်လိုက်ရင် လုံခြုံစိတ်ချမှုက မသေချာ မရေရာအနေနဲ့ ကျန်ရှိနိုင်ပါတယ်..

Privacy နဲ့ Security ကျွမ်းကျင်သူတွေအတွက် ထို ချို့ယွင်းမှုရဲ့ ချက်ချင်းတုံ့ပြန် အရေးယူမှု နဲ့ ပတ်သက်ပြီး အံအားသင့်ခဲ့ရပါတယ်.. US Federal Trade Commission ရဲ့ ယခင် Chief Technology Officer ဖြစ်တဲ့ Ashkan Soltani ကတော့ “ ဒီနှစ်ပိုင်းကုမ္ပဏီရဲ့ privacy/security နဲ့ ပတ်သက်ပြီးသိသာထင်ရှားဆုံး ဖြေရှင်းခဲ့ရတဲ့ ချို့ယွင်းချက်” (ဒါမှမဟုတ်လဲ မရှိနိုင်တော့ဖူး) ဆိုပြီး Apple မှ Group FaceTime အသုံးပြုမှု ရပ်ဆိုင်းခဲ့တဲ့ နှုန်းကို ချီးကျူးခဲ့ပါတယ်

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles