Shenzhen မြို့ အကြောင်း

Huawei Company ရဲ့ ပံ့ပိုးမှု့ နဲ့ တရုတ်ပြည် Shenzhen မြို့ကို သွားခွင့်ရလိုက်တယ်။ ငယ်ငယ်ကတည်းက နားထဲမှာ ကြားသိနေရတဲ့ မြို့တွေကတော့ ဘေဂျင်း၊ ရှန်ဟိုင်း လို့မြို့တွေပေါ့။ သူတို့ရဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာလဲ ဒီလို မြို့တွေကို promote လုပ်ကြတယ်။ အခု ရောက်တဲ့ Shenzhen (ရှန်းကျန့်) ကတော့ မကြားဖူးတဲ့ မြို့ထဲမှာပါတယ်။

QR Code မြို့တော်လို့ မပြောခင် Shenzhen အကြောင်း ပြောပြချင်တယ် သူက အပေါ်ပြောခဲ့တဲ့ မြို့တွေ ပြီးရင် တတိယ မြို့တော်လို့ ပြောကြတယ်။ နည်းပညာ မြို့တော်လို့လဲ ခေါ်တယ် ဘာလို့လဲ ဆိုတော့ ဒီမှာက Huawei လို့ နည်းပညာ Company ကြီးတွေ ရုံးထိုင်တဲ့နေရာလို့ ပြောလို့ရသလို အနာဂတ် e-city တစ်ခုဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောလို့ရတယ်။ AI စနစ်ပါတဲ့ CCTV တွေနဲ့ လူတွေ၊ ကားတွေ ကို အချိန်ခဏလေးအတွင်းရှာဖွေနိုင်တဲ့ မြို့၊ လျှပ်စစ် ကားတွေ ကားပေးပြီး အားသွင်း စင်တာလို့ ခေါ်တဲ့ Charger Center တွေ လုပ်ပေးထားတဲ့ မြို့၊ မြေအောက်ရထားတွေ လမ်းတွေ လှိုင်ခေါင်းတွေ နဲ့ စည်ကားတဲ့မြို့၊ ဖုန်းတစ်လုံးနဲ့ ကြိုက်တာလုပ်လို့ရတဲ့ မြို့လို့ ပြောလို့ရတယ်။

Mobile Payment

ဖုန်းတစ်လုံးနဲ့ ကြိုက်တာလုပ်လို့ရတယ်လို့ ပြောလို့ရတဲ့ နောက်ကွယ်မှာ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ကျနော်ပေးခဲ့တဲ့ ခေါင်းစဉ်လိုပဲပေါ့။ တရုတ်အစိုးရ ကိုယ်တိုင် Mobile Payment စနစ်ကို အားပေးထားပုံရတယ်။ မှန်ပါတယ် တရုတ်မှာ Google, Youtube, Facebook သုံးလို့ မရပါဘူး ဒါပေမဲ့ သူတို့ နိုင်ငံက ထုတ်တဲ့ Ali pay နဲ့ WeChat ကိုတော့ အပြည့်အဝ ပံ့ပိုးပေးထားတာတွေ့ရပါတယ်။

Ali pay နဲ့ We Chat မှာတော့ wechat က ပို popular ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ Taxi ဌားမလား Mobile Payment နဲ့ ၊ အစားအသောက် စားချင်လဲ Mobile Payment နဲ့ ၊ Mini သီချင်းဆိုခန်း မှာ သီချင်းဆိုချင်လဲ Mobile Payment နဲ့ ၊ Share Bike ဌားစီးမလား Mobile Payment နဲ့ ပြောရရင် မုန့်ဖိုးပေးရင်တောင် Mobile Payment နဲ့ဖြစ်နေတယ် ကျနော်နေတဲ့ ၄ ရက်အတွင်း Cash ကိုင်သုံးတာ မတွေ့ရသေးဘူးလို့ ရဲရဲကြီး ပြောနိုင်တယ်။

သတင်းတစ်ပုဒ် ဖတ်ဖူးတယ် အစိုးရ ကိုယ်တိုင် လမ်းဘေးဆိုင်တွေမှာတောင် mobile payment သုံးဖို့ တိုက်တွန်းတာတွေ လုပ်ခဲ့တယ်လို့ သိလိုက်ရတယ်။ တကယ် လမ်းဘေးဆိုင်တွေမှာ ပိုက်ဆံ ရှင်းခါနီးရင် WeChat လို့ပြောနေတာတွေ မြင်တွေ့ခဲ့ရတယ်။

QR Code 

ကိုယ်သွားချင်တဲ့ link (သို့) web address ကိုပြောနေရင် အရှည်ကြီးပြောနေရမှာမလား? ဥပမာ waiyanthwin.com/qr-code-မြို့တော် လို့အရှည်ကြီး ပါးစပ်က ပြောနေရင် ကြာနေမယ် အတိအကျ ဖြစ်ဖို့ ဂရုစိုက်မယ်၊ ဒီလို QR Code လေးနဲ့ လုပ်ထားရင် scan လေးဖတ်လိုက်တာနဲ့ တန်းရောက်မယ်ပေါ့။

QR Code ကို payment တွေမှာ သုံးတာကတော့ ထုံးစံပါ ကိုယ်တွေ နိုင်ငံမှာဆို လဲ AGD pay သုံးတဲ့နေရာတွေဆိုမြင်ရမှာပါ။ Mobile Payment တိုးတက်လာတာနှင့် အမျှ QR Code တွေ အသုံးပြုမှု့တွေ များလာတာ ထူးဆန်းတယ်လို့ ပြောလို့ မရသလို ထူးခြားလာတာကတော့ နယ်ပယ်စုံ ဖြစ်လာတာပါပဲ။ ပုံမှန် payment အတွက် ဆိုင်တွေမှာ QR code တွေ အဆင်သင့် ကပ်ထားလိုက်တဲ့အတွက် အမြဲ ဒါ ငါ့ QR code ပါဆို ဆိုင်ရှင်က ထုတ်ထုတ်ပြစရာမလိုတော့ပါဘူး။

ထူးခြားလာတာပြောရရင် payment တွေမှာမဟုတ်ပဲ .. ဆိုင်တွေမှာ Menu ကြည့်ပြီး ကိုယ်တိုင်မှာလို့ရတာတွေ၊ Share Bike တွေ ဌားစီးရာမှာလည်း QR Code တွေ၊ Product တွေမှာလဲ QR Code ၊ ကားပါကင်တွေ ပါကင်ကြေး register လုပ် တာတွေ ပေးတာတွေ အစုံပဲ… ဒီလို အသုံးပြုနေတာတွေဟာ နည်းပညာ တိုးတက်မှု့ရဲ့ နောက်ကွယ်ကနေဆက်နွယ်တိုးတက်နေတဲ့ အရာတွေပဲလို့ ကျနော့် စိတ်ထဲ သက်ပြင်းချကာ ကျနော်တို့ အနာဂတ်မြို့တော်ရော ဘာဖြစ်မလဲဘယ်တော့လဲ တွေးနေမိပါတော့တယ်။

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles