parental control myanmar

Apple Device တွေမှာ Parental Control ဘယ်လိုလုပ်မလဲ

Apple Device တွေမှာ နောက်ပိုင်း Parental Control လုပ်ဖို့ Screen Time ဆိုတာ ပါဝင်လာပါပြီ။ ဒါကို အသုံးပြုပီး မိမိ တို့ကလေးတွေ Device တွေအသုံးပြုတဲ့အချိန်တွေ Application တွေ၊ website တွေ စတာတွေ မိဘတစ်ယောက်အနေနဲ့ control လုပ်လို့ရပါတယ်။

နည်းလမ်းလေးက မြန်မာနိုင်ငံက မိဘတွေအတွက် ဆို နည်းလမ်းနှစ်ခုဖြစ်သွားပါလိမ့်မယ်။ ပုံမှန် နည်းလမ်းကတော့ ရှင်းပါတယ်။ ခုပုံမှန်နည်းလမ်း လေးအရင်ပြောပြပေးပါမယ်။

Macbook တွေမှာဆို

Apple icon > system preference > Family Sharing ထဲမှာ + လေးကို ယူပြီး Create Child Account ကနေ သွားဖွင့်ရုံပါပဲ။ ခက်တာက မြန်မာပြည်က apple user အများစုက apple payment မှာ မိမိတို့ Credit Card ထည့်သုံးလေ့မရှိတာကြောင့် ဒါမျိုး Message ရလာနိုင်ပါတယ်။ အောက်က message လိုမျိုး မြင်တယ်ဆိုရင်တော့ နောက် နည်းလမ်းသုံးတာကောင်းပါတယ်။

အဲလိုမဟုတ်ပဲ မိမိက credit card တွေဘာတွေရှိတယ်ဆိုရင်တော့ ဆက်သွားလိုက်ရုံပါပဲ။ (မြန်မာပြည်က Debit Card တွေတော့ လက်မခံသေးပါဘူး)

ဒုတိယ နည်းလမ်းကတော့ မကောင်းပါဘူး မဖြစ်ဖြစ်တာကို သုံးရမှာဖြစ်တဲ့အတွက်ပါ။ ဘာလဲဆိုတော့ ပထမနည်းလမ်းဆိုရင် ကိုယ့်ကလေးရဲ့ အသက်အမှန်ကို ထည့်ပြီး အချိန်တန်သူ့ဘာသာသူ အဲဒီ Apple ID ကိုပဲ သူတို့ အသက်ကြီးလာတဲ့အထိ ဆက်သုံးသွားလို့ရပါတယ်။ Internet Account (Eg. Facebook, Apple ID, Google) တော်တော်များများက အသက် အနည်းဆုံး ၁၃ နှစ်မှ account အသုံးပြုလို့ရတာပါ။

ဒီနည်းလမ်းမှာတော့ သူတို့ဟာ ၁၃ နှစ်ပြည့်ပြီးတဲ့ပုံစံနဲ့ ပုံမှန် apple ID ဖွင့်နည်းနဲ့ပဲသွားလိုက်ပါ။ (ရှိပြီးသား Apple ID) ရှိလဲရပါတယ်။

Apple ID တစ်ခု ရလာပြီဆိုရင်

(၁) မိမိ ကလေးသုံးမယ့် Device (Computer or Mobile or Tablet) မှာ ဝင်ထားပါ။
(၂) screentime မှာ သွားပြီး screen passcode ကိုသူတို့ မသိအောင် ထားလိုက်ပါ။

ဒါဆို သူတို့စက်ကို အချိန်မရွေး သွားပြီး screentime ကိုသွားကြည့်လို့ရပါတယ်။ passcode ထည့်ပြီးပြီဆိုတာနဲ့ Downtime တွေ၊ Applimit တွေ၊ Content & Privacy တွေအသေးစိတ်သွားလုပ်လို့ရပါပြီ။ အဆင်မပြေတာရှိရင် comment မှာ မေးသွားလို့ရပါတယ်။ နောက်ပိုင်း သိချင်တဲ့ Topic တွေကိုလဲ တောင်းဆို သွားလို့ ရပါတယ်။

ဒါက ကျနော့် Device ၂ ခုလုံးရဲ့ report ကိုတစ်နေရာတည်းကြည့်တာပါ

ပထမနည်းလမ်းနဲ့ ဒုတိယနည်းလမ်း ကွာခြားချက်ကိုပြောပါဆိုရင် remote control ရတာနဲ့ မရတာလို့ပဲ ရိုးရှင်းစွာ ပြောပါရစေ။ ပထမနည်းလမ်းနဲ့ဆိုရင် မိဘတွေက တစ်ခြား device ကနေ လှမ်း ထိန်းချုပ်လို့ရသလို report အေးဆေးကြည့်တာ လုပ်လို့ရပါတယ်။ ဒုတိယနည်းလမ်းကတော့ ကိုယ်တိုင် device ကို ဖွင့်ပြီး screentime ထဲ ဝင်ကြည့်ရမှာပေါ့။ passcode ကိုတော့ ပေးမသိပါနဲ့ ကျနော့် တူမလေးတွေဆို နောက်ကနေ ခိုးခိုးကြည့်တက်ပါတယ်။ 😀


Comments

Leave a Reply

Your email address will not be published. Required fields are marked *