Marketing ဆိုတာ…

လူတိုင်း အများစု မှားကြတာကတော့ Marketing နဲ့ Sales ဆိုတာပါပဲ။ ဒါကလဲ အခုချိန်ထိ ဒီနှစ်ခုက ခွဲလို့မရတဲ့ ညီအစ်ကိုတွေလို ဖြစ်နေတာလဲပါပါတယ်။ တစ်ချို့ company တွေမှာဆို Sales & Marketing ဆိုတဲ့ Position မျိုးတောင် ရှိပါတယ်။ လုပ်ရတာတွေကတော့  Job Description ကို ဖတ်ပြီးမှ သာ ရှင်းရှင်းလင်းလင်းသိရမှာပါ။ အခု ဒီမှာတော့ Marketing ဆိုတာကိုပဲ  လွယ်လွယ်ကူကူ နားလည်လွယ်အောင် ရေးကြည့်ပေးပါမယ်။

(၁) ကျနော်က နွားနို့ ရောင်းတဲ့သူပဲ ထားပါ။ အိမ်ရှေ့မှာ “ပြည်သား …. နွားနို့ ရပြီ” လို့ ကြေငြာလိုက်တယ်ဆိုရင် ဒါက “Advertising” (ကြေငြာ) လို့ခေါ်ပါတယ်။ ပြည်မှာ မွေးတဲ့သူမို့ “ပြည်သား” လို့ နာမည်ပေးထားတဲ့အတွက် “ပြည်သား” ဆိုတာ ဆိုင်နာမည်ဖြစ်သလို “Brand Name” လို့လဲ ပြောလို့ရပါတယ်။ နောက်ရက်တွေမှာတော့ အိမ်နားဝန်းကျင်က သူတွေဟာ ကျနော့် ဆီမှာ နွားနို့ ဝယ်လို့ရတာဆိုတာ တစ်ဖြည်းဖြည်း မြင်လာပါတယ်။ ဒါပေမဲ့ ကျနော့်လမ်းထဲ က လူတွေပဲ သိသေးတဲ့အတွက် မြို့နယ် တစ်ခုစာ ရက်ကွက်တစ်ခုစာ လောက် ကြေငြာချင်ပါသေးတယ်။ Example : ခုခေတ်လူတွေ ပြောသလို Boost (Facebook တွင် ပိုက်ဆံပေးကာ ကြေငြာခြင်း) လုပ်တယ်ပေါ့။ အရင်ခေတ်ကတော့ ကျနော် လက်ကမ်းကြေငြာစာရွက်လေး ထုတ်မယ် ပြီးရင် တစ်ခြား ရပ်ကွက်တွေ ၊ မြို့နယ်တွေကိုသွား ဝေတာတွေ ပြုလုပ်ပါတယ်။ ဒီလိုလုပ်တာကိုလဲ “Advertising” လို့ပဲ ခေါ်ပါတယ်။ 

ပြည်သား နွားနို့

(၂) ဒီလိုနဲ့ပဲ ကျနော့်ဆိုင်လေးက လူတွေ စီလာတယ်ပေါ့ လာသောက်တဲ့သူတွေ နေ့စဉ်နဲ့ အမျှ အားပေးလာကြတယ်ပေါ့။ ဒီလိုနဲ့ပဲ တန်ဆောင်တိုင်နီးလာတော့ ပွဲစျေးတွေ စတယ် ပွဲစျေးမှာ ဆိုင်ခန်းလေးယူပြီး နွားနို့ ရောင်းတယ်ပေါ့။ ဒါဆိုရင် Promotion ပါ ဘာကြောင့်လဲဆိုတော့ ဆိုင်မှာရောင်းနေရင်လဲ ဒီ တစ်နေ့ကို အခွက် ၅၀၀ ရောင်းနေရပေမဲ့ ပွဲစျေးမှာ ဆိုင်ခန်းယူပြီး နောက်ထပ် အခွက် ၂၀၀ ရောင်းလိုက်သလိုပါပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ တစ်ခြား အနယ်နယ် အရပ်ရပ်က လာတဲ့ လူတွေကလဲ ကျနော့် နွားနို့ဆိုင် နာမည်လေးနဲ့ ရင်းနှီးသွားမယ် စတဲ့ အကျိုးကျေးဇူးတွေရှိတဲ့ အတွက် Promotion လို့ခေါ်ပါတယ်။ အဲလိုမဟုတ်ပဲ အိမ်အရောက် မှာတယ် နွားနို့ (၃) ခွက်ဝယ်ရင် Delivery Free ပို့ပေးတယ်ဆိုလဲ Promotion ပါပဲ။

(၃) ပွဲစျေးမှာ ရောင်းနေရင်းနဲ့ Myanmar Now တို့ Mizzima တို့လို Media တွေက စိတ်ဝင်စားပြီး သူတို့ရဲ့ Food Program အတွက် Interview တွေလုပ်၊ နွားနို့နဲ့ ပေါင်မုန့်နဲ့ စားရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ရုပ်သံတွေမှာ ပါလာတယ်ဆိုရင် “Publicity” (လူအများသိ) လို့ ဖြစ်လာပါတယ်။ တစ်ချို့လုပ်ငန်းတွေဆို ဒီလို လူအများသိအောင် Media တွေနဲ့ လူထုဆက်ဆံရေးတွေ လုပ်ဖို့ သပ်သပ်ကို ထားတာမျိုးလဲရှိပါတယ်။

အဲတော့ ဒီ အဆင့် (၃) ဆင့်စလုံး ကို လုပ်ခဲ့လို နွားနို့တွေလဲ ရောင်းရတယ် နောက်ပြီး menu အသစ်ဖြစ်တဲ့ နွားနို့နဲ့ ပေါင်းမုန့် တွဲစားလို့ရတယ် ဆိုတာမျိုးတွေ ၊ လူတွေ ပိုသိလာတယ် စတဲ့ အချက်တွေအကုန်လုံးကို Marketing လို့ပြောလို့ရပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခုခု သဘောတရားနဲ့ လုပ်ကိုင်ရတဲ့ပုံခြင်းကွာခြားနိုင်ပါတယ်။

အောက်က Deifination လေးတွေ ကို ပုံမှန် ကျနော့်  Digital Marketing Essentail Course မှာတော့ ရှင်းပြထားပါတယ်။ ခု တစ်ခါတည်းဖတ်ကြည့်လိုက်ပါ ပိုပြီး နားလည်သွားမှာပါ။

American Marketing Association (AMA)

Marketing is the activity, set of institutions, and processes for creating, communicating, delivering, and exchanging offerings that have value for customers, clients, partners, and society at large.

Chartered Institute of Marketing (CIM)

Marketing is the management process responsible for identifying, anticipating, and satisfying customers’ requirements profitably.

အနှစ်ချုပ်ပြောရရင် အပေါ်က အချက် (၃) ချက်တွေကို စီမံခန့်ခွဲခြင်း ပြုလုပ်တာ၊ Customer တွေရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီး အမြတ်ရတဲ့ထိ ပြုလုပ်ရတယ် ဒါတွေကို Marketing ပြုလုပ်ခြင်း လို့ခေါ်ပါတယ်။ တစ်ခုခု မေးချင်တာရှိရင်လဲ Page Chat Box ကဖြစ်ဖြစ် Comment ပေးတာပဲ ဖြစ်ဖြစ် ပြုလုပ်ခဲ့လို့ရပါတယ်။ ဒီဟာလေးကို အဆုံးထိ ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ တစ်ခုခု ရသွားမယ်လို့လဲ ယူဆပါတယ်။

Reference: Investopedia, SuccessWise


Comments

Leave a Reply

Your email address will not be published. Required fields are marked *