Social Network အမျိုးအစားတွေ အများကြီးရှိတဲ့ထဲမှာ Clubhouse က လဲ အချိန်တိုအတွင်း မြန်မြန် Growth လာတဲ့ Voice ကိုအခြေခံတဲ့ Social Network တစ်ခုပါပဲ။ မြန်မာပြည်မှာတော့ social network လို့ပြောရင် Facebook ကိုပဲ လူသိများသေးပါတယ်။ ဒီလို နိုင်ငံရေးအပြောင်းအလဲ အခြေအနေမှာတော့ Twitter, Telegram, Signal စတဲ့ app တွေ ပေါ်ကို User အသုံးပြုမှု့များလာတာမျိုးရှိလာသလို ဒီ Clubhouse ဆိုတဲ့ အရာလဲ ပါဝင်လာပါတယ်။

Clubhouse ဆိုတာဘာလဲ?

လွယ်လွယ်ပြောရရင် အသံ ကိုအခြေခံတဲ့ Social Network တစ်ခုပါ။ Facebook လိုပဲ တစ်ကမ္ဘာလုံးက လူတွေနဲ့ တွေ့ဆုံနိုင်တယ် Real-Time ချိတ်ဆက်နိုင်တယ်။ Facebook နဲ့ မတူတာကတော့ သူက အသံနဲ့ပဲ ဖြစ်တဲ့အတွက် စကားပြောတာတွေ ၊ တစ်ခြားပြောတဲ့သူတွေ ကြားမှာ ဝင်နားထောင်တာတွေ ၊ ဆွေးနွေးတာတွေ လုပ်လို့ရတယ်။

Clubhouse ရဲ့ Highlight အချို့ကတော့

  • Clubhouse ကို April 2020 မှာ Paul Davison နဲ့ Rohan Seth ဆိုတဲ့နှစ်ယောက်က စပြီး Create လုပ်ခဲ့တယ်
  • တစ်နှစ်ပြည့်တဲ့ April 2021 မှာတော့ User 1.3 Million ဖြစ်လာခဲ့တယ်
  • May 2020 (သူတို့ create ပြီး တစ်လပေါ့) အဲမှာ Market Value က $100 Million ပဲ ရှိခဲ့ပေမယ့် January 2021 ရောက်တဲ့အချိန်မှာ funding ရပြီး $1 Billion ထိ မြှင့်တက်သွားတယ်။
  • February 2021 မှာ Weekly Active Users က 10 million နီးနီးရှိလာတယ်
  • App Store ရဲ့ social media category အောက်မှာ 8 to 10 ကြားထိ ဝင်လာခဲ့တယ်
  • May 20, 2021 မှာတော့ iOS App ပဲရှိခဲ့တဲ့ app ဟာ Andriod App ပါ ရရှိလာခဲ့တယ်

လက်ရှိ Statista ရဲ့ အချက်အလက်အရ –
Weekly Active Users အရေးအတွက်က 10 Million/Week ရှိနေပြီးတော့ လစဉ် Application ကို Download ပြုလုပ် နေတဲ့ အရေအတွက်က 8 Million/Month ရှိနေတယ်လို့သိရပါတယ်။ Clubhouse Account တွေထဲမှာ Follower အများဆုံးကတော့ Rohan Seth ဆိုတဲ့သူဖြစ်ပြီး သူ့ Follower ပေါင်း 6.8 Million ရှိပါတယ်။ (ဘယ်သူလဲ ဆိုတော့ co-founder လေ 😀 )

Clubhouse ဘယ်လိုသုံးရမလဲ?

ဘယ်လို သုံးရမလဲ မေးရင်တော့ လွယ်လွယ်ကူကူ ညွှန်းလို့ရတာကတော့ မတူညီတဲ့ topic title တွေနဲ့ ဆွေးနွေးနေကြတဲ့ Room တွေရှိတယ် မိမိနားထောင်ချင်တဲ့ room ကို ဝင် join လိုက်ရုံပဲ။ နားထောင်ရင်းနဲ့မှ ဉီးဆောင်ဆွေးနွေးတဲ့သူတွေကို မေးချင်တာဖြစ်ဖြစ်၊ ကိုယ်ကလဲ ဝင်ဆွေးနွေးတာဖြစ်ဖြစ်၊ သူတို့ ဖွင့်ပေးတာနဲ့ ကိုယ်ပါ အသံနဲ့ ပြောခွင့်ရသွားရင် ဝင်ပြောလို့ရပြီ။ (BarCamp အကြောင်းသိတယ်​ဒါမှမဟုတ် တက်ဖူးတဲ့သူတွေဆို နားလည်လွယ်တယ်)

Technical Term အရ ဘယ်လိုသုံးရမလဲ ဆိုတာကတော့ အခုပြောမယ့် function တွေပေါ်မူတည်တယ်

  • Explore : သူကတော့ မှန်ဘီလူးပုံ icon လေးနဲ့ မိမိ ရှာချင်တဲ့လူတွေ Club တွေ အကုန်ရှာဖွေလို့ရတယ်
  • Invites : စာအိတ် အပွင့်ပုံ icon လေးနဲ့ Clubhouse ထဲကို မရောက်သေးတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ဖိတ်လို့ရတဲ့နေရာလေးပေါ့
  • Upcoming calender : များသောအားဖြင့် ဘယ်ရက်ဘယ်နေ့မှာ ဘယ်သူတွေက ဘာ topic တွေပြောမလဲဆိုတာမျိုးကို ကြိုတင် schecueld လုပ်ထားတဲ့ Event တွေကို တွေ့ရမှာပါ
  • Activity feed : ခေါင်းလောင်းပုံလေးနဲ့ icon လေးပါ။ အဲထဲမှာက FB Notification လိုပဲပေါ့. ကိုယ့်အသိထဲကဘယ်သူတွေ clubhouse ကိုရောက်လာတယ် follow လုပ်သွားတယ် ၊ Clubs ကို join ဖို့ invitation တွေ စသဖြင့်ပေါ့
  • User Profile : အဲဒီဘေးမှာတော့ ကိုယ့်ရဲ့ ဓါတ်ပုံနဲ့ ကိုယ် မြင်စေချင်တဲ့ ကိုယ့် အကြောင်းလေးတွေ ဖော်ပြနိုင်သလို လိုအပ်သလိုလဲ edit ပြုလုပ်လို့ရပါတယ်
  • Who’s online: အောက်ဆုံးတန်းမှာ ရှိတဲ့ ပထမဆုံး အစက်ကလေးတွေနဲ့ အစိမ်းရောင်လေးပါ သူကတော့ ဘယ်သူတွေ အွန်လိုင်းရှိနေလဲပေါ့ ဒါကို အဓိကထားပြပေးပါတယ်။
  • Backchannel : airplane icon လေးက message ပို့လို့ရတဲ့ ဟာလေးပါ ကိုယ့်အသိတွေကို text နဲ့ chat တာပဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ မှတ်မိလွယ်အောင်ပြောရရင် messenger လိုပေါ့။ ဒါပေမဲ့ ဒီမှာ backchannel လို့ခေါ်တာပေါ့။
  • Start a room: ဒါကတော့ clubhouse ရဲ့ အဓိက function တစ်ခုပါ၊ မိမိက topic အသစ်စမယ်ဆိုရင် start a room ကို နှိပ်ပြီး room တစ်ခုအဖြစ် ထောင်လိုက်လို့ရပါတယ်။

Room တစ်ခုမှာဆိုရင် စထောင်တဲ့ သူကို Moderators အဖြစ် သတ်မှတ်လိုက်ပါတယ် သူ့ပုံလေးဘေးမှာ အစိမ်းရောင် ကြယ်လို icon လေး ပေါ်ပါတယ်။ အဲလူကပဲ စကားပြောခွင့်တွေ room ထဲက remove လုပ်ခွင့်တွေရှိပြီး ဝင် join လာတဲ့ listeners တွေကို speakers အဖြစ်ပြောင်းပြီး စကားပြောခွင့်ပေးလို့လဲရပါတယ်။​ဒါက roles တွေအကြောင်း general ပြောပြတာပါ။

ဒီလောက်ဆိုရင် Clubhouse ရဲ့ အသုံးပြုပုံ ဒါမမဟုတ် Clubhouse ဆိုတာဘာလဲ အခြေခံကျကျ သိသွားမယ်လို့ထင်ပါတယ်။ နောက် Article တစ်ပုဒ်မှာ Clubhouse က Clubs တွေအကြောင်း၊ ဘယ် Clubs တွေကို join ထားသင့်လဲ ဘယ်သူတွေကို follow ထားသင့်လဲ ဆိုတာကို ဆက်ရေးပေးသွားမှာ ဖြစ်လို့ သိချင်တာလေးတွေရှိရင် comment ပေးထားခဲ့ပါအုံးနော်!

Ref: Clubhouse, Statista, ThinkImpact

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles