social-networking-business

Social Network ပေါ်တွင် Business တစ်ခုတည်ထောင်ခြင်း

1.Facebook Page တစ်ခု Setup လုပ်ခြင်း

Facebook Page ဆိုတာ သင့် Business ကို ကြိုက်နှစ်သက်သူ (သင့် ဖောက်သည်တွေ) နဲ့ အမြဲချိတ်ဆက်လွယ်ကူအောင် ပြုလုပ်ထားတဲ့ အွန်လိုင်းနေရာ တစ်ခုပါ။ဒါကြောင့် မိမိ လုပ်ငန်းကိုယ်စားပြုမဲ့ page တစ်ခုတော့ရှိသင့်ပါတယ်။

2.မိမိ လုပ်ငန်းနဲ့ပတ်သတ်မဲ့သူတွေ ဆီများများရောက်အောင် Boost လုပ်ခြင်း

Boost လုပ်ခြင်းဟာ သင့် page က post တွေကို လက်ရှိမိမိ page ကို like ထားတဲ့သူတွေထက် တခြားအပြင်က လူသစ်တွေဆီကို ပြသပေးနိုင်ပါတယ်။ Boost Post လုပ်တာ အနည်းဆုံးတော့ 5 USD လောက်ပါပဲ။

3.သင့် ကြေငြာအတွက် သင့်တော်မဲ့ Target ထားခြင်း

Reach ဆိုတာ သင့် ကြေငြာ ကို တွေ့တယ်ဆိုလိုခြင်းပါ။ သင့်ကြေငြာ ကို Location,   Age,  Gender ,    အပြင်   အခြား   အရာတွေနဲ့လဲ Target ထားပြီး ကြေငြာ လို့ရပါသေးတယ်။

4.သင့် Website visitors တွေကို marketing ပြန်လုပ်ပါ

Website ဆိုတာ သင့်လုပ်ငန်းရဲ့ အသက်တစ်ခြမ်း တစ်ခုပါ။ Facebook Advert တစ်ခုနဲ့ သင့် Website ကို အလည်လာ (လာကြည့်) တဲ့သူတွေကို သတိရအောင်ဖြစ်ဖြစ် သူတို့ ကြည့်သွားတဲ့ ပစ္စည်းကိုပဲ ဖြစ်ဖြစ် Target ထားပြီး ကြေငြာလို့ရပါသေးတယ်။

5. Local Adverts ကို အသုံးပြုခြင်း

သင့် လုပ်ငန်း တည်နေရာ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုလဲ ထိရောက်အောင် ကြေငြာနိုင်သေးပါတယ်။ 80% သော Customers တွေဟာ မိမိပတ်ဝန်းကျင်ကများပါတယ် ဆိုတာကြားဖူးကြမှာပါ။ သင့်အနီးနားက customers တွေကို ဘယ်အချိန်၊ ဘယ် device ကို မဆို ကြေငြာတွေ ပို့လို့ရပါသေးတယ်။

ဒီ Article ဟာ August, 2015 လောက်က ရေးခဲ့တာဖြစ်လို့ အရမ်း update မဖြစ်ပေမဲ့ အခြေခံသဘောတရားတွေပါ။ Facebook Page တစ်ခုပြုလုပ်ချင်တယ်ဆိုရင် ဒီ Video လေးကို ပြုလုပ်ပေးထားပါတယ်။

အဆင်ပြေကြပါစေ။

Document

Thank you for reading. Buy me a coffee?


Comments

Leave a Reply

Your email address will not be published. Required fields are marked *