Ngapali (သို့) အလှဆုံး ကမ်းခြေ

Ngapali ဆိုတဲ့ အသံကို ကြားခဲ့တာ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် လောက်ကပေါ့ ။ အရမ်းလှတယ်။ ရေကြည်တယ် ဆိုပြီး ပုံတွေ စာတွေ ဖတ်ဖူးတယ်။ ဒီနှစ်တော့ သွားဖြစ်အောင် သွားမယ်ဆိုပြီး ရည်ရွယ်ထားမိတယ်။ ပထမဆုံး ငပလီ မသွားခင် အွန်လိုင်းက အခြားသူတွေ review တွေ အရင် ရှာဖတ်တယ်ပေါ့။ ဘယ်လိုနေလဲ ဘယ်လိုသွားမလဲက အစ။ ဖုန်းနံပါတ်တွေကော တည်းဖို့ ဟိုတယ် လိပ်စာတွေပါ ရှာတယ်။ Booking.com တို့ TripAdviser စသဖြင့် Review တွေ ကြည့်တယ် အဲဟိုတယ်ရဲ့ ပုံတွေ ရှာကြည့်တယ်။ ပထမဆုံးဖြတ်ထားတာကတော့ ကိုယ့်ဘာသာကို သွားမယ် လေယာဉ်လက်မှတ် မှာမယ်၊ အခန်းတွေ ချိတ်ထားမယ်ပေါ့။ အဲမှာ အတွေ့အကြုံတစ်ခုက ဟိုတယ်တွေက အမျိုးအစား ဈေးအလိုက်အမျိုးမျိုး ရှိပေမဲ့ (၂) ညတည်းမယ်ဆို လေဆိပ်ကို လာကြိုပေးတာများတယ်။ ဒါကလည်း ဟိုတယ် တွေကို ဖုန်းပတ်ဆက်ခဲ့တဲ့ အကျိုးပေါ့။ ပြီးတော့ သိလိုက်ရတာက ခု မိုးရာသီဆို အထူးသဖြင့် မေလထဲဆို အပြိုင်အဆိုင် Promotion တွေလုပ်ကြတာတွေ တွေ့ရတယ်။

Promotion နဲ့ ကံကောင်းစွာ

သွားခါနီး (၂) ရက်လောက်ထိ ကိုယ့်ဘာသာကိုယ် သွားမယ်၊ ဈေးတွေမေး ကုန်ကျစရိတ်တွေ တွက်ပေါ့။ ကျနော်တွက်ထားတာ Gardern View လောက်ကို (၂) ညတည်းမယ်ပေါ့ လေယာဉ်နဲ့ စုစုပေါင်း ၂ သိန်းခွဲကျော်ကျော် ကုန်ကျတယ်။ ဒါပေမဲ့ promotion package တွေ ရှာရင်းနဲ့ Amata က လုပ်ထားတဲ့ Promotion package ကို အောက်က အတိုင်း သွားတွေ့တယ်။

 

သူက ၂ သိန်းခွဲပဲ ရှိတာကို ၊ အစားအသောက်တွေ ၊ SightSeeing တွေပါ လည်ပတ်ဖို့ နောက် Spa ပါပါတာသွားတွေ့တယ်။ တွက်ကြည့်တာနဲ့ ကျနော်တွက်ထားတဲ့ amount နဲ့ ကွက်တိကို ပိုတောင် တန်တယ်လို့ ခံစားလိုက်တယ်။ အဲဒါနဲ့ Amata ကိုဖုန်းဆက် သူတို့ကလည်း အသည်းအသန် မှာပေးရှာပါတယ်။ ရက်က ကပ်နေပီလေ။

ဒီလိုနဲ့ Amata နဲ့သွားဖြစ်တယ်ပေါ့။ အဲက နေပဲ e-ticket ထုတ်ပေးတယ်။ သွားမဲ့ နေ့ လေဆိပ်ရောက်သွား တယ်။ ဒီအပိုင်းထိက ရန်ကုန်က ဆိုတော့ သိပ်ပြောစရာမလိုဘူးပေါ့။ ဟိုရောက်နည်းနည်းပါးပါး အဆင်ပြေဖို့ contact တွေနဲ့ ကိုယ့်အလှည့်ကျ အခက်အခဲလေးတွေမဖြစ်အောင် အဓိက share ပေးချင်တာပါ။

ရန်ကုန်ကနေ ထွက်တော့ MNA လေကြောင်းလိုင်းနဲ့ပေါ့။ ရန်ကုန်ကနေ ဆို သံတွဲ ရောက်ဖို့ ၄၅ မိနစ်တော့ စီးရတယ်။ ကျနော်တို့ ဒီကနေ (၇)နာရီခွဲ လေယာဉ် နဲ့ စီးသွားတာ သံတွဲကို ၉ နာရီလောက် လား မသိဘူးရောက်သွားတယ်။ လေယာဉ် ဆင်းတော့ စိုးရိမ်တာပေါ့ အဆင်ပြေပါ့မလားပေါ့။ အဆင်းရှုခင်းတောင် သေချာမကြည့်လိုက်ရဘူး။ ဒါနဲ့ ဆင်းတာနဲ့ ဘေးတွေကိုကြည့်လိုက်တာ အရမ်းသာယာပဲ သံတွဲလေဆိပ်က ကမ်းစပ်နားမှာဆိုတော့ ရေလှိုင်းသံလေးတွေ နဲ့ စ ကြိုဆိုတာပေါ့။

ဒီလိုနဲ့ လေဆိပ်ထဲဝင်သွားတော့ ကြိုဆိုရေးတွေ အများကြီးရောက်နေကြတယ် ဟိုတယ်ပေါင်းစုံကပေါ့။ ဟိုတယ်တွေက လေဆိပ်မှာလည်း ကောင်တာလေးတွေဖွင့်ထားတာတွေ့ရတယ် တချို့က အဲရောက်မှ ရွေးကြတယ်ထင်ပါ့ဗျာ။ ဒါနဲ့ ဆက်လျှောက်ဆက်လျှောက်နဲ့ မှတ်ပုံတင်ပြရတယ် scan ဖတ်ပြီး အပေါက်ကနေ လေဆိပ် ခန်းမ ထဲရောက်ရောက်ချင်းပဲ Ko Wai Yan Thwin & Party ဆိုပြီး ဆိုင်းဘုတ်လေး နဲ့ စောင့်နေတာတွေ့ရတယ်။ အဲဒါနဲ့ အနားသွားပြောတော့ ခဏထိုင်ပါအုံး ဆိုပြီး အထုတ်တွေထုတ်ရမဲ့ လက်မှတ်တွေတောင်းပြီး အထုတ်တွေ သွားထုတ်ပေးပါတယ်။ အထုတ်တွေကို Light Truck တစ်ခုမှာ တင်ပြီး ယူလာပါမယ်လို့ပြောပြီး ခရီးသည်တွေကို Mini-Bus လေးနဲ့ ခေါ်သွားပါတယ်။ လေဆိပ်က စစထွက်ခြင်းပဲ ဟိုတယ်တွေ တပုံကြီးတွေ့ရပါတယ်။ ကျနော် Review တွေ ဓါတ်ပုံတွေ ရှာကြည့်ထား တဲ့ အရမ်းသွားချင်တဲ့ ဟိုတယ်တွေလဲ တွေ့တာပေါ့။ ဟိုတယ်ရောက် သွားတဲ့အပိုင်း ကိုတော့ နောက် post မှာရေးပေးပါ။ နောက် post မှာဆိုရင် အစားအသောက်တွေ အဆင်ပြေအောင် ဘယ်လိုစီစဉ်ရတာတွေလဲပါမယ်။ list တွေ contact တွေလဲ မှတ်လာတယ်။ အဲတော့ စောင့်ဖတ်ပေးပါအုံး

photo credit : Amata Ngapali Facebook

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles