Myanmar Font Download လုပ်ဖို့ လိုအပ်တဲ့သူ အများစုကတော့ Designer တွေဖြစ်မှာပါ။ နာမည်ကြီးတဲ့ Myanmar Font တွေထဲမှာတော့ W Art House Font ဖြစ်မယ်ထင်တယ်။ ဒီ Article ကတော့ Font တွေ ဘယ်က ရယူလို့ရမယ် Download ရတဲ့ Link တွေ အကြောင်းပြောသွားမှာပါ။

ဒီ Blog Post က ကျနော့် Page မှာ Top Traffic ထဲ ရောက်နေတဲ့ တစ်ခုပါ။ အစ ကတော့ W Art Font ကို စုပြီး Free Download Link ချပေးခဲ့ပါတယ်။ နောက်ပိုင်း Font Artist တွေကို Support လုပ်ချင်တာနဲ့ W Art Font ကို Facebook မှာ ရောင်းတဲ့ ကြေငြာတွေ့ပြီးကတည်းက အဲ Download Link ကို ဖြုတ်ချလိုက်ပါတယ်။ (လင့် တွေကြည့်ချင်တဲ့ သူက အောက်ဆုံး အပိုဒ်ကို သွားလိုက်ပါ)

W Art Font ရဲ့ ကျေးဇူးတွေ?

ဒီ အပိုဒ်တွေက ကျနော်တို့ နောက်ပိုင်း အင်တာနက်မှာ Data အဖြစ်ကျန်နေအောင် ရေးခဲ့ချင်ရုံပါ။ ကျနော် ကိုယ်တိုင်လဲ Designer မဟုတ်ပေမဲ့ ဒီ Font ကို သဘောကျတဲ့အထဲပါပါတယ်။ Digital Marketing နယ်ပယ်မှာ ကျနော်တို့ Social Post တွေ လုပ်တဲ့အချိန်မှာ ဒီ Font ရဲ့ ပါဝင်မှုက 90% ထိရှိခဲ့ပါတယ်။

2023 နောက်ပိုင်းမှာတော့ အောက်ဆုံးက Link တွေလို Font တွေကို စုစည်းပေးတဲ့ Page တွေ၊ ဝယ်ယူနိုင်တဲ့ Page တွေ ပေါ်လာခဲ့ပါပြီ။ မရှိခင်ကတော့ ကျနော်တို့ဟာ ရွေးစရာ သိပ်မရှိတဲ့ကြားက W Art Font ကို အကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။

W Art Font ကို ဘယ်သူ တီထွင်ခဲ့တာလဲ?

W Art Font တွေကို ဦးဇော်ဝင်းမြတ် (အနုပညာအိမ်) ဆိုတဲ့ သူလို့ ကျနော် ရှာတွေ့ထားပါတယ်။ ကျနော် ဝယ်ယူ အားပေးခဲ့တဲ့ ဒီ CD ချပ်တွေကို ငွေလွှဲတဲ့ အချိန်မှာလဲ ငွေလက်ခံသူ နာမည်ဟာလဲ သူပါပဲ။ ကံမကောင်စွာနဲ့ပဲ ဦးဇော်ဝင်းမြတ်(အနုပညာအိမ်) ဟာ ဇူလိုင် ၂၃ ၊ ၂၀၂၁ ကပဲ ဆုံးပါးသွားတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ အဲနောက်ပိုင်း သူ့ရဲ့ အနုပညာအိမ် ဆိုတဲ့ Page ရော ၊ Account ဟာ အောက်က Screenshot အတိုင်းဖြစ်နေခဲ့ပါတယ်။ ဓါတ်ပုံကတော့ အမှတ်တရ ဖြစ်အောင် Data Archive လုပ်ချင်တာနဲ့ Group တွေထဲ ရှာထားတာပါ။

Artist တွေကို Support စေချင်?

ကျနော်တောင် သူ့ Font တွေကို Download Link ချမိလို့ ဝန်ခံလိုက်ရပြီး။ သူ့ကို အားပေးလိုက်တာ လပိုင်းပဲ ရှိခဲ့တဲ့သဘောပါ။ အခုနောက်ပိုင်း အောက်က Link တွေလို Font Marketplace ပေါ်လာတာ အတော် အဆင်ပြေပါတယ်။ လိုချင်တဲ့ Font ကို ချက်ချင်း ဝယ်ယူပြီး ချက်ချင်း Download ဆွဲလို့ရပါတယ်။ Font Artist တွေလဲ အများကြီးတွေ့ရတယ်။ ဦးဇော်ဝင်းမြတ် (အနုပညာအိမ်) နဲ့ ပြောခဲ့တဲ့ conversation မှာတော့ သူဟာ အရင်က 7Days နဲ့ Eleven တို့ရဲ့ Fonts တွေကို သူဖန်တီးခဲ့တာလို့လဲ ပြောပါတယ်။ ကျနော်ကတော့ Duwun ရောက်ပြီး မကြာခင်မှာ ကျနော့် Head ရဲ့ Font Project တစ်ခုကို လက်လွှဲယူရတဲ့အတွက် Duwun Font Project ကို Artist တစ်ယောက်နဲ့ လုပ်တဲ့ချိန်ကနေ နောက်ဆုံး Website တွေမှာ Implementation လုပ်တဲ့ချိန်ထိ အတွေ့အကြုံတစ်ခုတော့ ရခဲ့လိုက်တယ်။

Myanmar Font Download လုပ်ရန်

Myanmar Font တွေက ပြန့်ကျဲနေပါတယ်။ အဆင်ပြေတဲ့ Link ကနေ ဒေါင်း Copyright ကိစ္စ လိုင်စင် ကိစ္စတွေ မပါပဲနဲ့ ကြုံသလို ယူနေကြတာပေါ့။ အခုတော့ ဒီအောက်က Link တွေကို မှတ်ထားနိုင်ပါပြီ။