SMS Scam in Thailand: My Story

Thailand မှာ SMS Scam တွေကြားဖူးနေတာကြပါပြီ။ ကိုယ်တိုင်တွေ့မှ ပဲ Break အုပ်ပြီး သတိကပ်လိုက်ရတယ်။ ဖြစ်ပုံ အကြောင်း လိုရင်းတိုရှင်းပဲ ပြောပြပါရစေ။

ပုံမှန်ဆိုရင် Thai Phone နံပါတ်က အမြဲ Job Scam တွေ ဝင်လေ့ရှိပါတယ်။ ဉပမာ – Lazada မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလား ဒီ Link ကနေ အလုပ်လျှောက်ပါဆိုတာမျိုးပေါ့။ ကိုယ်က လဲ အလုပ်ရှာနေသူမဟုတ်တော့ သိပ်ဂရုမစိုက်မိဘူး။ အသိတွေကို မေးမှ scam ဆိုတာ သိတယ်။ ဒါမျိုးက SMS မှ မဟုတ်ပါဘူး။ တစ်ခြားနိုင်ငံတွေမှာဆိုရင် LinkedIn လိုနေရာမျိုးကတောင် လာတာမျိုးရှိတယ်ပေါ့။ အဲတော့ ကာကွယ်ဖို့ နည်းလမ်းကတော့ တစ်ခုပါပဲ။ ပိုက်ဆံ အရင်သွင်းခိုင်းတယ်ဆိုရင် ရှောင်လိုက်တာ အကောင်းဆုံးပါ။ ဘယ်သူမှ အလုပ်လုပ်ဖို့အတွက် ပိုက်ဆံ မတောင်းပါဘူး။

SMS Scam for My Story

ဒီတစ်ခါတော့ ကွက်တိ မိသွားတာပါ။ ကျနော် ပါဆယ်တစ်ခုကို စောင့်နေတာပါ။ ပို့တဲ့ Company ကလဲ Thailand Post နဲ့ ပို့လိုက်ကြောင်း၊ Tracking Number က ဒါဖြစ်ကြောင်း ပြောထားပြီးသားပါ။ ဒါနဲ့ Thailand Post ရဲ့ Website ထဲ ဝင် check ပါတယ်။ သူက ရုံးပိတ်ရက်ခံနေတော့ အနီးဆုံး မြို့နယ်ကိုပဲ ပစ္စည်းရောက်နေကြောင်းပဲ ပြပါတယ်။

ရောက်နိုင်မယ့် နေ့ ကိုတော့ ကိုယ်က သတိထားမိနေတဲ့အတွက် SMS ရောက်လာပါတယ်။ SMS မှာပါတဲ့ Message က ရုတ်တရက် ဆို တကယ် လို့ထင်သွားတာပါ။

Delivery is on hold because your shipment does not have a house number: Update as soon as possible : https://thailandpost-th.cyou/xxx

ဆိုပြီး လာတာပါ။ Link ကို နှိပ်မိမှာဆိုးလို့ xxx လို့ထည့်ထားပေးတယ်။ ကိုယ်ကလဲ SMS ဆို အပြေးအလွှားကြည့်ပြီး ဝင်နှိပ်လိုက်တော့

Name, Address, Email, Phone အပြည့်အစုံတောင်းပါတယ်။ ချက်ခြင်းဖြည့်လိုက်မိတယ်
နောက်တစ်ဆင့်မှ သူက Bank Information တောင်းတာ Name, Visa Card, Expire, Pin အဲအထိက အေးဆေးပဲ။

နောက် OTP လာရောပေါ့။ ထူးဆန်းတာ ပုံမှန် OTP လာနေကြ Landing Page တွေ မြင်ဖူးထားတော့ တစ်မျိုးဖြစ်နေတယ်။ အဲဒါနဲ့ OTP ထည့်လိုက်တယ်။ ဒါပေမဲ့ မှားနေတယ်ပဲ ပြတယ် နောက်တစ်ခါ ပြန်တောင်းတယ်။

အဲမှာ ကျနော် သတိကပ်မိလိုက်တယ်။ ငါ့ကို SMS ပို့တဲ့ Name က Kira ဆိုတဲ့ နာမည်ဖြစ်နေတာရယ်။ သူပို့တဲ့ SMS မှာ Tracking Code မပါတာရယ်ကို သတိရပြီး အဲ ပါတဲ့ Link ကို copy ကူးပြီး Chrome လို Browser မှာဖွင့်လိုက်တော့ အောက်ကပုံအတိုင်းပြတော့တာပဲ။

SMS Scam in Thailand


အဲတော့ မှ ငါ့ ကဒ်နံပါတ်ရော၊ ငါ့လိပ်စာရော၊ email ရောတော့ သူတို့ server ဆီရောက်လောက်ပြီ လို့ ယူဆလိုက်တယ်။ အဲအတွက် အရင်ဆုံး ကဒ်ကို Block/Locked လုပ်လိုက်တယ်။ ကျနော်က K Bank သုံးတာမိုလို့ Applciation ကနေ Debit Card ကိုသွား ကဒ်နံပါတ်ကိုရွေးပြီး Block လိုက်တယ်။ ဒါဆို ဘယ် transcation မှ ထွက်လို့မရတော့တာသေချာတယ်။

နောက်တစ်ဆင့်က ဒီကိစ္စကို ဟုတ်မဟုတ် အွန်လိုင်းမှာ လိုက်ရှာကြည့်လိုက်တယ်။ ဖတ်တဲ့အချိန်မှာ forum တွေမှာ ဒီလိုမျိုးပြောထားတာတွေ့ရတယ်။

စာမှာ ရေးထားတဲ့ပုံအရ သူတို့လဲ ဒါမျိုးဖြစ်ဖူးတယ်ပေါ့။ ဘယ်လောက်ထိတောင် ရလဲဆိုရင် Thailand Post က Logo နဲ့ စာတောင်ရတယ် အဲစာမှာ မင်း ပါဆယ်အတွက် ငွေရှင်းဖို့ကျန်နေပါတယ်ဆိုတာမျိုး ဘယ်ကနေ သွားရှင်းပါဆိုတာမျိုးထိ ပါတယ် တဲ့။ (အဲတော့ ကျနော်ဆီလဲ လာနိုင်တဲ့အတွက် သတိထားဖို့လိုမယ်တွေးလိုက်တယ်)

ဘဏ်ကိုတော့ ဖုန်းဆက်လိုက်တယ်။ ပိုကောင်းသွားတာက ကျနော်က K Bank မှာ Virtual Card လျှောက်ထားတာ ဖြစ်လို့ ဒီကဒ်ကို ပိတ်လိုက်ပြီး နောက်ထပ် Virtual Card ပဲသုံးမယ်တွေးထားလိုက်တယ်။

ဒီဖြစ်စဉ်တစ်ခုလုံး အနှစ်ချုပ်ရရင်

  • Thailand Post တကယ့် website မှာ များ ကျနော်တို့ကို စောင့်ကြည့်နေတဲ့ (သို့) Target ထားနေတာများရှိနိုင်မလားပေါ့။
  • SMS က English လိုလာတာဖြစ်တဲ့အတွက် သတိထားနေရတယ် Form ကြတော့ Thai လိုဖြည့်ခိုင်းတယ်
  • ဖောင်ဖြည့်လိုက်တဲ့ထဲ Address ရော၊ ဖုန်းရော၊ Email ရောပါတဲ့အတွက် နောက်နည်းလမ်းတစ်မျိုးမျိုးနဲ့ ရောက်လာနိုင်သေးလို့ သတိထားရမှာပေါ့
  • နောက်ဆုံးအချက်ကတော့ ငယ်ငယ်ကတည်းက ကိုယ်တိုင် သူများတွေကို စာသင်ထားတာ သတိထားရမယ် Link တွေကို မနှိပ်ဖို့နဲ့ ၊ domain name က ကွက်တိ တူရဲ့လား စတာတွေ သင်ထားတဲ့သူ ကိုယ်တိုင်ကို သတိလက်လွတ်ခံလိုက်ရတာ ဒီလို အခြေခံ Basic မသိတဲ့သူတွေဆို ပိုဆိုးမယ်လို့ တွေးလိုက်မိလို့ ဒီ Post လေး ရေးထားလိုက်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *