Username , Password ရိုက်လို့ မှားနေတယ် “𝙪𝙨𝙚𝙧 𝙣𝙖𝙢𝙚 𝙖𝙣𝙙 𝙥𝙖𝙨𝙨𝙬𝙤𝙧𝙙 𝙖𝙧𝙚 𝙞𝙣𝙘𝙤𝙧𝙧𝙚𝙘𝙩” လို့ ပြောရင်တောင် System ကိုပဲ ကျနော်တို့ လူသားတွေဟာ အပြစ်တင် တက်ကြပါတယ်။ သူရိုက်တဲ့ သူ့ Password မှန်ပါတယ် သေချာပါတယ်ပေါ့။ System ကပဲ မှားနေတာပါပေါ့။
ကြုံဖူးတယ်မလား ?
AI ခေတ်ကို ရောက်လာတာ နဲ့မျှ AI ဟာ နေရာတိုင်း အစားထိုး ဝင်ရောက်လာပါတယ်။ AI နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ စက်ရုပ်တွေကို သဘာဝဘေးကယ်ဆယ်ရေး၊ ရာဇဝတ်မှုနှိမ်နှင်းရေး၊ ဆေးကုသရေး၊ ဘာသာရေး အစရှိတဲ့ နေရာတွေမှာ အသုံးပြုလာကြပါပြီ။ 2026 ခုနှစ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားဟာ AI နဲ့ လူသားတွေ အကြား ခံစားချက်တွေ ၊ အမုန်းတရားတွေကို ပေါ်လွင်အောင် ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားကို မထွက်ခင်ကတည်းက 20 Century Studios က Viral MarketingViral Marketing ဆိုတာ Business Strategy တစ်ခုပါပဲ။ Product (သို့) Service တစ်ခုကို လူတွေက Social Media Platform တွေမှာ တင်ကြရင်း ပြန့်နှံ့သွားပြီး နာမည်ကြီးသွားအောင် လုပ်တဲ့ သဘောပါ။ ပါးစပ်စကားက တစ်ဆင့်လဲ ဖြစ်နိုင်သလို အခုခေတ် Mobile Network တွေ ဖုန်းတွေ Camera တွေနဲ့ရိုက်ရင်းကနေ လဲ ပြန့်နှံ့သွားတာ လဲ ဖြစ်နိုင်ပါတယ်။ လူတွေကလဲ သူတို့ကိုယ်တိုင် ဒီ Product or Service တစ်ခုကို Marketing လုပ်ပေးမိနေမှန်း မသိပဲ ဖြစ်သွားပြီး တစ်စ တစ်စ ပေါက်သွားတဲ့ သဘောပါ။ More လုပ်တာ ကို လိုက်ဖတ်လိုက်လေ့လာနေတာပါ။ ပြီးတော့ ဒီဇာတ်ကားကို 20 Century Studios က ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၁၆ ခုရဲ့ Location တွေကို အခြေခံပြီး ရိုက်ကူးခဲ့တာဆိုတော့ စိတ်ဝင်စားပြီး သွားကြည့်ဖြစ်လိုက်တယ်။















ဘာတွေသဘောကျမိလဲ?
ဘာတွေ သဘောကျလဲ ဆိုရင် ရဲ တပ်ဖွဲ့တွေ၊ ဘုန်းကြီးတွေ၊ ထိုင်းမှာ Gate မှာ စစ်တဲ့ ရဲတွေကလဲ လက်ရှိ လမ်းပေါ်မှာရှိတဲ့ ထိုင်းရဲတွေ ဝတ်တဲ့ အဝတ်အစားတွေ ကို သေချာ မူလ အရသာ မပြတ်ပဲ အနာဂတ်အတွက်ပြန်လည်ဆန်းသစ်ပြီး ဖန်တီးထားတာမျိုးတွေ တွေ့ရတယ်။ အားကျတာကတော့ ထိုင်း DOT (Department Of Tourism) တို့ TFO (Thai Flim Office) စတဲ့ Government Organization တွေက ဒီဇာတ်ကားအတွက် တော်တော် ပူးပေါင်း လုပ်ပေးထားပုံရတယ်။




Viral Marketing ဘယ်လို လုပ်ကြလဲ?
ဒီဇာတ်ကားကို ဘယ်မှာ စပြီး သတိထားမိလဲဆိုတော့ သူတို့ Activation လုပ်တဲ့ Viral MarketingViral Marketing ဆိုတာ Business Strategy တစ်ခုပါပဲ။ Product (သို့) Service တစ်ခုကို လူတွေက Social Media Platform တွေမှာ တင်ကြရင်း ပြန့်နှံ့သွားပြီး နာမည်ကြီးသွားအောင် လုပ်တဲ့ သဘောပါ။ ပါးစပ်စကားက တစ်ဆင့်လဲ ဖြစ်နိုင်သလို အခုခေတ် Mobile Network တွေ ဖုန်းတွေ Camera တွေနဲ့ရိုက်ရင်းကနေ လဲ ပြန့်နှံ့သွားတာ လဲ ဖြစ်နိုင်ပါတယ်။ လူတွေကလဲ သူတို့ကိုယ်တိုင် ဒီ Product or Service တစ်ခုကို Marketing လုပ်ပေးမိနေမှန်း မသိပဲ ဖြစ်သွားပြီး တစ်စ တစ်စ ပေါက်သွားတဲ့ သဘောပါ။ More တစ်ခုက စတယ်ပြောရမယ်။ အဲနေ့က Los Angeles က Stadium တစ်ခုမှာ NFL game ကျင်းပချိန် လူအုပ်ကြီးထဲမှာ AI Robots တွေ ဆိုပြီး လူတွေက Video တွေ ရိုက် ဓါတ်ပုံတွေရိုက်ပြီး အွန်လိုင်းပေါ်တင်ကြတာ။ Marketing Team ဖြစ်စေချင်တာလဲ အဲဒါပဲကို အဲတော့ တစ်ချို့လူတွေဆို နောက်ဆို ငါတို့ နေရာတွေ အစားထိုးရတော့မယ်ဆိုတဲ့ caption တွေနဲ့ သူအပြိုင်ကိုယ်အပြိုင် တင်ကြတာပေါ့။ Half Time မှာလဲ တစ်ချို့ AI Robots တွေက ဒီတိုင်း ထိုင်နေကြတာတွေ သူတို့ Screenကြီးနဲ့ Highlight လုပ်ပြီး ပြနဲ့ပေါ့။

ကျနော် History ပြန်ရှာကြည့်တဲ့ ချိန်မှာ ဒီလို Sports Game ကြားထဲမှာ Viral ဖြစ်အောင်လုပ်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူးတဲ့ အရင်က ဒီ 20 Century Fox ကပဲ “Smile” ဆိုတဲ့ Horror Movie အတွက်လဲ Creepy Smile ကြီးတွေ လုပ်ပြပြီး Viral MarketingViral Marketing ဆိုတာ Business Strategy တစ်ခုပါပဲ။ Product (သို့) Service တစ်ခုကို လူတွေက Social Media Platform တွေမှာ တင်ကြရင်း ပြန့်နှံ့သွားပြီး နာမည်ကြီးသွားအောင် လုပ်တဲ့ သဘောပါ။ ပါးစပ်စကားက တစ်ဆင့်လဲ ဖြစ်နိုင်သလို အခုခေတ် Mobile Network တွေ ဖုန်းတွေ Camera တွေနဲ့ရိုက်ရင်းကနေ လဲ ပြန့်နှံ့သွားတာ လဲ ဖြစ်နိုင်ပါတယ်။ လူတွေကလဲ သူတို့ကိုယ်တိုင် ဒီ Product or Service တစ်ခုကို Marketing လုပ်ပေးမိနေမှန်း မသိပဲ ဖြစ်သွားပြီး တစ်စ တစ်စ ပေါက်သွားတဲ့ သဘောပါ။ More လုပ်ကြသေးတယ်ဆိုတာ တွေ့ရတယ်။

ထိုင်းမှာလဲ ဒီ The Creator Movie အတွက် Public မှာ AI Robots တွေက Siam Center လို လူစည်ကားတဲ့ နေရာတွေမှာ လမ်းပတ်လျှောက်နေတာ မျိုးတွေနဲ့ Awarness လုပ်တဲ့ Video တွေလဲ တွေ့ရတယ်။




အင်္ကျီတွေမှာတော့ The Creator ဆိုတဲ့ စာတန်းတွေ ပါပြီး မျက်နှာနဲ့ ခေါင်းတစ်ခုလုံးက suite ထဲမှာ ဝင်နေတဲ့အတွက် တကယ့် AI Robots လို့ လူတွေက ထင်ကြတာပါ။ လူတွေက အရမ်း ငြင်းကြလို့တောင် Reuters သတင်းဌာနကတောင် လွန်ခဲ့တဲ့ Sep 27 က Fact Check အနေနဲ့တောင် ရှင်းပြထားခဲ့ရတယ်. အဲလောက်ထိ တူတာ။ ကျနော်တောင် ပုံတွေကို သေချာရှာကြည့်ရင်း ကြည့်မှ လက်တွေကို သေချာ သတိထားမိတာ။
ဒီဇာတ်ကား အကြမ်းပြောရရင် Nuclear Bomb တစ်ခု ကွဲသွားတာကို AI တွေကြောင့် လို့ စွတ်စွဲပြီး American စစ်တပ်နဲ့ လွှတ်တော်က တစ်ကမ္ဘာလုံးကို ပိုက်စိတ်တိုက် လိုက်ရှာပြီး ဖျက်စီးတာပေါ့။ အဲမှာ ထိုင်းမှာ ခိုအောင်နေပါတယ် သူတို့ရှာနေတဲ့ အစွမ်းထက်တဲ့ AI + Human ပေါင်းစပ်ထားတဲ့ Alphra ဆိုတဲ့ လက်နက် ကလည်း ကလေးလေး ဖြစ်နေတာပေါ့။ ပြီးတော့ ဘာဆက်ဖြစ်ကြမလဲပေါ့။
ကျနော်ကတော့ အပြင်မှာ 4K လောက် ထွက်လာရင် တစ်ခေါက် သေချာ ထပ်ကြည့်ဖြစ်အုံးမှာပါ ဘာလို့ဆိုတော့ သူတို့သုံးထားတဲ့ Settings တွေ ၊ အနာဂတ်ကို သေချာ စဉ်းစားပြီး သုံးသွားတဲ့ Costume က အစ တကယ်သဘောကျ တယ်။ ပြီးတော့ ထိုင်းနိုင်ငံရဲ့ နေရာ (၁၆) နေရာမှာ ရှိတဲ့ အဆောက်အဦီးတွေ Landscape တွေကို ကျနော်တို့ AI software ထဲ ထည့်လိုက်လို့ ပြောင်းသွားတဲ့ ပုံစံမျိုးတွေ ဖန်တီးထားတော့ တကယ် အရသာရှိတယ် ထင်တာပဲ။ ခင်ဗျားတို့လဲ ကြည့်ဖြစ်တယ် ဆိုရင် ခံစားချက်လေးတွေ အောက်မှာ ရေးသွားပေးအုံးနော်။
Comments