Streamers in Real Life

နည်းပညာမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလဲ ရှိပါတယ်။ အခုအကြောင်းအရာကတော့ ကောင်းကျိုးလဲ မဟုတ်သလို ဆိုကျိုးလဲ မဟုတ်ပါဘူး။ Digital ခေတ်ရောက်လာတာနဲ့ Digitally Fake တွေက တော့ ရှှိနေမှာပါပဲ။ ကြက်ဥ အစစ်မဟုတ်တဲ့ ကြက်ဥတွေ အသား အစစ်မဟုတ်တဲ့ အသားတွေ ဒါတွေက ကျနော်တို့ နေ့စဉ်ကြားနေရတာပါ။ ခုတစ်ခုကတော့ Streamer အစစ်မဟုတ်တဲ့ Streamer ပေါ့။

Streamer တွေကတော့ ဒီဘက်ခေတ်မှှာ ဝင်ငွေကောင်းလာတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုပေါ့။ ဒီအကြောင်းကိုတော့ ဒီမှာ ဆက်ဖက်လို့ရတယ်။ ခု ပြောချင်တဲ့ အကြောင်းအရာ ကတော့ Streamer တွေရဲ့ တကယ့် ဘဝက ဘယ်လိုလဲ ဆိုတာကို ပြောပြထားတဲ့ Video လေးပေါ့။ ဒီ video က အစစ်ဟုတ်ချင်မှ ဟုတ်မယ် ဒါပေမဲ့ ဖြစ်နိုင်ချေများသလို ကျနော်တို့ကို message တစ်ခုခုပေးတယ်လို့လဲ ထင်တယ်။ အပေါ်ကပြောတာနဲ့ ပြန်ဆက်ရရင် တစ်ချို့ Streamer တွေကတော့ live stream လုပ်နေချိန် က ပုံစံတွေ မဟုတ်ဘူးဆိုတာကို ဒီ Video လေးက ထောက်ပြတော့ အံသြသွားကြတယ်။

မယုံချင်စရာ ဖြစ်ပေမယ့် အနာဂတ်မှာ ကင်မရာတွေက ပြုပြင်နိုင်စွမ်းရှိတယ်ဆိုတာကတော့ အသေအချာပါပဲ။ ခုလက်ရှိ တရုတ်ပြည်က streamer တွေကတော့ ဘယ်လို software တွေ ဘယ်လို မိတ်ကပ် effect တွေ နဲ့ သုံးနေလဲ ဆိုတာတော့ ကျနော်တို့လဲ စိတ်ဝင်စား နေပါတယ်။

ပြောရရင် ဒီအရာတွေ တကယ်လား … တကယ်ဆိုရင်တော့ Future မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာ ကျနော်တော့ တွေးမိရင်း ….