Facebook ရဲ့ Shop ကတော့ မိတ်ဆက်ထားတာကြာပါပြီ။ ဒါကို ဒီ မေ ၂၀ ရက်နေ့မှာ ထပ်ပြီး feature အသစ်တွေနဲ့ ထပ် သိအောင်လုပ်တယ်လို့ ကျနော်ကတော့ထင်ပါတယ်။

Shop Tab ကို install လုပ်တာ Product တွေထည့်ရောင်းတာ ဒါတွေကို ပြန်ပြောပြဖို့ လိုမယ်မထင်ပါဘူး ပုံမှန်တိုင်း လွယ်လွယ်ကူကူ သိနေတာပဲ ဆိုတော့လေ မသိသေးတဲ့သူတွေကလဲ ဒီလင့် ကနေသွားကြည့်လိုက်ပါ။ ဟုတ်ပြီ အဲတော့

Feature အသစ်တွေထဲက စိတ်ဝင်စားဖို့အကောင်းဆုံးက ဘာတွေလဲ?

Check Out – အရင်တုန်းက feature မှာ Product ကို messenger က မေးရင်မေး မမေးရင် သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ e-commerce page က product link ကိုသွား check out ( ငွေရှင်း) ရပါတယ်။ အခု version ကတော့ Facebook ပေါ်မှာတင် check out တန်းလုပ်လို့ရသွားမှာပါ။

Live Shopping – မြန်မာနိုင်ငံမှာဆိုလဲ Live လွှင့်တဲ့ ကောင်မလေးတွေကိုယ်တိုင်ကကို product လေးတွေ ကိုင်လို့ပဲ ဖြစ်ဖြစ် လွှင့်နေကြပါ ခုတစ်ခေါက် feature ကတော့ အဲလိုကိုင်လိုက်တာနဲ့ အောက်တစ်ခါတည်း product ကိုပါ ပြသနိုင်မှာပါ

Loyalty ProgramFacebook လို အသုံးပြုသူများတဲ့ Platform တစ်ခုက ဒီလို feature မျိုးထုတ်လိုက်တာနဲ့ သုံးမယ့်သူတွေ က အသင့်ရှိနေမှာပါ။ ကိုယ် တစ်ခုခု ဝယ်တာနဲ့ point တွေပြန်ရမယ် point တွေ စုပြီးများလာတာနဲ့ တခြားတစ်ခုခုတွေ ပြန်ဝယ်လို့ရမယ်ဆိုတဲ့ Loyalty Program တွေကလဲဲ မြန်မာပြည်ကို ဝင်လာတဲ့ Grab တို့လို company က မိတ်ဆက်ထားတော့ သိနေလောက်ပါပြီ။ ဒီလို Loyalty Program တွေလဲ Facebook ကလာတော့မှာပါ။

Instagram Shop – ဒါကလဲ အရင်က ရနေတဲ့သူတွေရှိသလို သုံးနေတဲဲ့သူတွေလဲ ရှိပါတယ်။ ခုကတော့ အပေါ်က ပြောခဲ့တဲ့ Feature တွေလဲ ပါမယ် centralize ဖြစ်သွားပုံရမှာပါ။ Facebook. shop နဲ့ Instagram. shop ကြား ဗျာမများတော့ဘူးပေါ့။

ဒီ Feature တွေသုံးဖို့ ဘာတွေလိုမလဲ?

အဓိကကတော့ FB Commerce Manager ကို setup လုပ်ရမှာပဲ ဒီကနေလုပ်ရပါမယ်။ ပြီးရင် ကိုယ့် identity တွေ confirm လုပ်ရမယ်။ ပိုက်ဆံတွေဘယ်လိုလက်ခံမလဲ ဆိုတဲ့ payouts တွေ tax တွေ လုပ်ပြီးတာနဲ့ ရမယ်ထင်ပါတယ် လွယ်မလိုလိုနဲ့ သူတို့သတ်မှတ်ချက်တွေက အများကြီးပါ

အခကြေးငွေပေးရမှာလား?

သေချာတာပေါ့ ဒီလောက် online shopping site ကြီးတစ်ခုတည်းမှာ ဆိုင်လေးတွေလာဖွင့်သလိုပဲဲဆိုတော့ ပေးရမှာ သေချာပါတယ်။ Shopping Center တစ်ခုမှာ ဆိုင်ခန်းဖွင့်ရင်တောင် ဆိုင်ခန်းဌားခပေးရသလိုပဲပေါ။ Facebook ကတော့ 5% per Shipment ယူမယ်လို ဒီမှာရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရပြီလား?

ဒါလည်း အသိချင်ဆုံး မေးခွန်းတစ်ခုပါ။ Shop တစ်ခုလုပ် Product တွေထည့် ကျနော် ဟိုးအစမှာ ပြောခဲ့တဲ့ အရင် feature အထိတော့ ရနေပါပြီ။ အခု လက်ရှိ အသစ်တွေကတော့ US only ပဲရပါအုံးမယ် Live Shopping တောင် တစ်ချို့ business တွေနဲ့ စမ်းနေတုန်းပါ အဲတော့ စောင့်ရအုံးမယ်ပေါ့

ကျနော့်အမြင်

(နောက်ပိုင်း blog တွေရေးရင်လဲ “ကျနော့်အမြင်” ဆိုတဲ့ အပိုဒ်လေးထည့်သွားမှာပါ စာဖတ်သူတွေဘက်ကလဲ Comment မှာ အမြင်လေးတွေ ပြန်ရေးပေးရင်တော့ ကျနော့် blog တိုင်းက interactive ဖြစ်သွားမှာပေါ့)

လက်ရှိ အပေါ်က Feature တွေက မြန်မြန်ရောက်လာဖို့ များပါတယ် ဘာလို့ဆိုတော့ ခုလိုကာလက လူတိုင်းစျေးရောင်းနေကြတာကို ဒါပေမဲ့ ခုနလို check out တွေကတော့ ရောက်လာရင်တောင် အသုံးပြုဖို့ မလွယ်ဘူးလို့ မြင်ပါတယ်။ သူတို့နိုင်ငံမှာတောင် လုပ်ငန်း verify အတွက် တောင်းတဲ့ အချက်အလက်တွေ မနည်းပါဘူး ဒီမှာ ကြည့်ကြည့်ပါ။ အဲတော့ဒီက policy တွေ ဉပဒေတွေ နည်းဉပဒေတွေ မြန်မြန်ပြောင်းနိုင်ရင်တော့ မြန်မြန်သုံးရမှာပါ။ Live Shopping တို့ လို feature ကတော့ အလုပ်ဖြစ်လောက်တယ်။

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles