ဒီကားက ၂၀၂၀ အခု Covid ဒုတိယ Wave မှ Netflix မှာ ထွက်လာတဲ့ကားလေးပါ ဒီကားလေးက Start-Up ဘယ်လိုစ လုပ်မလဲ Equity တွေ ဘယ်လိုခွဲမယ် ဘယ်သူက investor တွေနဲ့ Deal လုပ်မယ် Key Man က ဘယ်သူဆိုတာပါ ပါးပါးလေးတွေထည့်ထားတာတွေ့ရတယ်။ ဒီကားက ပညာလဲ ရသလို startup တစ်ခုက ဘယ်လောက် ခက်ခဲလဲဆိုတာကို ဇာတ်လမ်းကြည့်ရင်း Learning လုပ်သွားလို့ရတယ်။

Start-Up


သူတို့ရဲ့ Startup Ecosystem

ဇာတ်ကားထဲကလို နောက်ဆုံး ၅ ဖွဲ့ရွေးပြီး 100 million Won ပေး နေရာတွေ ပေးတာ ရုံးခန်းကအစအဆုံး သေချာ Take Care လုပ်တာမျိုးတော့ မြန်မာနိုင်ငံ မှာတော့ မတွေ့သေးပါဘူး။ မြန်မာနိုင်ငံမှာတော့ ကျနော်သိသလောက် ပထမဆု ဘယ်လောက်နဲ့ 6 လစာ co-working space တစ်ခုပေးတာမျိုးတွေတော့ရှိပါတယ်။ ကျနော် Digital ပိုင်း ကူညီပေးနေတဲ့ InternPlus ဆိုလဲ Seedspace ရဲ့ Program တစ်ခုမှာ ရွေးချယ်ခံရလို့ (၆) လစာ နေရာရခဲ့ပါသေးတယ်။ အဲဒီ (၆) လက တစ်ကယ် လိုအပ်ပါတယ် mentor ကောင်းကောင်း တစ်ယောက် နဲ့ Growth ဖြစ်အောင် target တွေချရတာပါ။ ဒါတွေအကုန်လုံး ခြုံမိအောင် ရိုက်ပြသွားပါတယ်

နောက်တစ်ခု သတိထားမိတာ Episode 6 မှာ share ကိစ္စတွေ ဖြစ်ပြီး ညပိုင်းမှာ မင်းသမီး ဝင်တဲ့ Korea Startup Education Portal ကို သတိထားမိတယ် သူတို့ဆီမှာ အဲ site တကယ်ရှိတယ် startup လုပ်ချင်တဲ့သူတွေအတွက် အခမဲ့ online learning ပေါ့ မြန်မာနိုင်ငံမှာလဲ ဒါမျိုး တကယ်လိုအပ်တယ်လိုထင်တယ် ခုလက်ရှိ Phandeeyar Institue ကစလုပ်နေတာတွေ့ရပေမဲ့ portal လိုမျိုး ဖြစ်နိုင်ရင် နိုင်ငံတော်က ပါဝင်တာမျိုး ဖြစ်စေချင်မိတယ်။ ဘာလို့ဆိုတော့ တစ်ချို့ကလေးတွေက နည်းပညာတွေ လုပ်ငန်းလုပ်ချင်တာမျိုးတွေရှိပေမဲ့ ဘယ်က ဘယ်လိုစသင့်လဲ ဘာတွေ စကတည်းက သတိထားသင့်လဲ ပြောပြမယ့်သူလိုတယ်။

Netflix Start-up

ဒါမျိုးလေး ဒီမှာ သာလုပ်ပေးလိုက်ရင် သိပ်ကောင်းမှာပဲလို့တွေးမိတယ်။ ဒါက ကျနော်အတွေးသပ်သပ်ပါ ဒီကားလေးကို ကြည့်ချင်ရင် Netflix မှာ Start-up ဆိုပြီး ရှာပြီးကြည့်လို့ရသလို local မြန်မာစာတန်းထိုး site တွေမှာလဲ ရတယ်ပြောတယ်။ (Btw, အဲကျမှ netflix မှာထွက်ပြီး နာရီပိုင်းအတွင်း မြန်မာစာတန်းထိုးကို တန်းရအောင်လုပ်နေကြတာလဲ သတိထားမိတယ်။)

Document

Thank you for reading. Buy me a coffee?

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles