marketing plan

Facebook ရဲ့ Personalised Marketing Plan ကို အခမဲ့ ဘယ်လိုရယူမလဲ

Facebook က Small Business တွေအတွက် Content တွေ Tools တွေ အစရှိသဖြင့် အမျိုးမျိုးထောက်ပံ့နေတာကြာပါပြီ။ ခုလဲ Facebook For Business ကနေပြီးတော့ small business တွေအတွက် Personalised Marketing Plan ကို Generate လုပ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးသွားပါမယ်။

သူပြောထားတဲ့ အဆင့်အဆင့်သွားလိုက်တာနဲ့ Marketing Plan တစ်ခါမှ မလုပ်ဖူးတဲ့ သူတွေအတွက် To-do list တစ်ခု ထုတ်ပေးသလို မျိုးဖြစ်ပါတယ်။ ခုမှ စလေ့လာမယ့် သူတွေအတွက်တော့ အထောက်ကူ ပိုဖြစ်ပါတယ်။

အဲတော့ ဘယ်လိုလုပ်ရမလဲ

ပထမဆုံး ဒီ Link ကနေ သွားလိုက်ပါ။ Facebook Login တော့ လိုအပ်ပါတယ်
Facebook Plan လိုချင်တာလား Instagram Plan လား မိမိ ကြိုက်တာရွေးပါ

Get My Facebook Plan နဲ့သွားပြပါမယ်
မိမိ လုပ်ငန်း Page ကိုရွေးပါ
ဘယ်လို​ဝန်ဆောင်မှု့မျိုးလဲပေါ့ ဆိုင်ဖွင့်ထားတာလား / Online လားပေါ့
ဘာလို Business မျိုးလဲပေါ့ Product ရောင်းတာလား/ service ပေးတာလားပေါ့
ဒါကတော့ ကျနော်အမြဲပြောလေ့ရှိတဲ့ မိမိအလုပ်ရဲ့ Goal တစ်ခုပါ ဘာလိုချင်တာလဲပေါ့
လက်ရှိက ဖွင့်လား/မကြာခင်ဖွင့်တော့မှာလား ဆိုတာမေးပါတယ်
လုပ်ငန်းအတွက် Instagram ရောသုံးဖို့ စိတ်ဝင်စားလားပေါ့ (ဒါကတော့ သူတို့ platform တွေကိုမျှားခေါ်တာပေါ့) 😛

ကျနော် လေ့လာကြည့်သလောက် ခုန အဆင့်ထိက ဘယ်ဟာမျိုးကိုရွေးရွေး ဒီအဆင့်ထိက တူပါတယ်။ ခုလာမယ့် အဆင့်က စပြီး သူ suggest လုပ်တဲ့ အဆင့်ရောက်သွားပုံပါပဲ။

ဒီမှာ မိမိလုပ်ငန်းက ဘယ်အပိုင်းကို လက်ခံလဲဆိုတာရွေးရပါတယ် ကိုယ်က ဘာရွေးရမှန်းမသိရင်တော့ None of ကိုရွေးပေါ့
တစ်ဆင့်ထပ်မေးတာပေါ့ advertising လုပ်ချင်လားပေါ့
ကျနော်က လုပ်ချင်တယ်ရွေးခဲ့တော့ ဘယ်တော့ စလုပ်မလဲ နောက်မှ လားဆိုတာထပ်မေးပါလိမ့်မယ်
ကျနော်ရှေ့မှာ အွန်လိုင်းရွေးပေးခဲ့လိုထင်တယ် signups တွေဘယ်က collect လုပ်ချင်လဲ မေးပါတယ်

ဒီနေရာမှာ လဲ မိမိရွေးခဲ့တဲ့ပေါ်မူတည်ပြီး အများမျိုးဖြစ်နိုင်ပါတယ် ကျနော်ကတော့ နောက်ဆုံးအဆင့် စမ်းသပ်ပြချင်တာဖြစ်တဲ့အတွက် website ကနေ signup လုပ်ပြီး lead တွေရတဲ့ business မျိုးကို စိတ်ကူးပြီးရွေးထားတာပါ။

နောက်ဆုံး ဘာရလာမလဲ ကြည့်ရအောင်

နောက်ဆုံး To-do List လေးရလာပြီ Plan လေးပေါ့

ကျနော်တို့အပြင်မှာ Marketing Plan Over All ဆွဲပြီးရင် ဒီလိုပဲ Stage တွေနဲ့ Business ကို Craft လုပ်ပါတယ်။ ဒါမှ ဒီ Plan ဟာ ကိုယ့်လုပ်ငန်းအတွက် Measure ပြန်လုပ်လို့ရမှာပါ။ ဒီမှာတော့ သူ့ တစ်ချို့ step လေးတွေက နှိုင်းယှဉ်ပြတာလေးတွေက တော်တော်ကောင်းပါတယ်။ ကျနော် Find Your Target Audience ကို နမူနာပြပါမယ်။

intro/tips/learn တွေပါလာတာမျိုးတွေ့ရမှာပါ

အနှစ်ချုပ်အနေနဲ့ပြောရရင် အပေါ်မှာပြောခဲ့သလို ပဲ ခုမှ စလုပ်မယ့်သူအတွက် ဒီ Tools လေးက အထောက်အကူဖြစ်မှာပါ။ ကိုယ်က advance level မဟုတ်ရင် higher level ဆိုရင်တော့ ဒါက Auto Chbat Bot တွေလို ဘာရွေးရင် ဘာပြမယ်ဆိုတဲ့ သဘောပဲဆိုတာ နားလည်ပါလိမ့်မယ်။ ဘာပဲ ပြောပြော small business တွေအတွက် အသုံးဝင်တယ် learn ကနေလဲ ဆက်လေ့လာလို့ရတယ် ဆိုတာပဲ တော်တော် အဆင်ပြေနေပါပြီ။ လုပ်ငန်းအားလုံးအဆင်ပြေကြပါစေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *