Content Writing

Content တစ်ပုဒ် ရေးဖို့ လိုအပ်မယ့်အချက်တွေ

ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး  Content Writer တွေ Copywriter တွေ အနေနဲ့ သိပြီးသားဖြစ်ပေမယ့် တက်သစ်စ Writer တွေ ၊ တခြားလေ့လာလိုသူတွေအတွက် ဦးစားပေးပြောပြသွားပါမယ်။

ဖတ်ရှုသူတွေရဲ့ ခေါင်းထဲကို ရောက်နိုင်မယ့် Content ကောင်းတစ်ပုဒ်ဖြစ်လာဖို့ တစ်နည်းအားဖြင့် ပေးချင်တဲ့ Message ရောက်ဖို့ အတွက် နည်းစနစ်တကျရေးသားဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို Content ကို နည်းစနစ်တကျရေးဖို့အတွက် လိုအပ်မယ့်အချက်တွေကို ပြောပြပေးသွားပါမယ်။

“Define Content Type”

Content တစ်ပုဒ်စမရေးခင် ကိုယ်က ဘယ်လို Content အမျိုးအစားမျိုးကို ရေးမလဲဆိုတာကို ဦးဆုံးခွဲခြားရပါမယ်။ဥပမာ –  ဗဟုသုတပေးမှာလား? ပစ္စည်းရောင်းမှာလား? Review ကိုပြောပြမှာလား? စသဖြင့်ပေါ့။ ဒီလို ခွဲခြားလိုက်တဲ့အခါ ဗဟုသုတပေးမယ့် Content (Knowledge Sharing Content)မျိုး ရေးမယ့်အခါ မရေးခင် ကိုယ်က Product နဲ့ ပတ်သတ်လို့ သိသင့်သိထိုက်တာတွေကို အရင်လေ့လာရမယ်ဆိုတာကို ခွဲခြားသိသွားနိုင်မှာ ဖြစ်လို့ပါ။ 

စာဖတ်တာပျင်းမှာစိုးလို့

“Research for Source”

Content တစ်ပုဒ်ရေးတော့မယ်ဆိုရင် Source ကအရေးကြီးဆုံးဖြစ်ပါတယ်။ ဒီတော့ Research လုပ်ဖို့ အချိန်ရောက်ပြီပေါ့။ ကိုယ်ကနားမလည်ထားတဲ့ အကြောင်းအရာတစ်ခုကို သူများကို ပြန်ပြောပြဖို့ မလွယ်ကူသလို သေချာ research မလုပ်ဘဲ content တစ်ပုဒ်ရေးသားဖို့ မဖြစ်နိုင်ပါဘူး။ကိုယ်ရေးသားမယ့် Topic ပေါ်မူတည်ပြီး Content အမျိုးအစားအလိုက် သင့်တော်မယ့် source တွေကို သေချာရှာဖွေ လေ့လာပြီးမှ ရေးမယ်ဆိုရင် အကြောင်းအရင်းခိုင်လုံတဲ့ Content ကောင်းတစ်ပုဒ်ထွက်လာမှာပါ။

“Deliver the Message” 

ပေးချင်တဲ့ Message ကဘာလဲ? ဆိုတာတွေနဲ့ မကြုံရဖို့ဆိုရင် ကိုယ်ရေးနေတဲ့ Content တွေမှာ ထည့်ချင်တဲ့ Point တွေကို သိသာနေအောင် ရေးဖို့လည်း လိုပါတယ်။စာဖတ်သူတွေကို ပေးလိုတဲ့ Message က ရှင်းလင်းတိကျနေဖို့ သဒ္ဒါအမှန်၊ဝါကျအထားအသိုမှန်၊ စာလုံးပေါင်းသတ်ပုံမှန်ဖို့ ကို ဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်။ပြီးတော့ နောက်တစ်ခုက ပြောနေတဲ့ Topic အောက်က လွတ်ထွက်မသွားအောင် အရေးအသားတွေကရှေ့နောက် အစီအစဉ်ကျဖို့လည်းလိုပါတယ်။

“Checking & Editing”

အပေါ်ကပြောခဲ့တဲ့ Message ရှင်းလင်းဖို့နဲ့ သဒ္ဒါ၊ဝါကျ၊စာလုံးပေါင်းမှန်ကန်ဖို့အတွက် ရေးပြီးသွားတဲ့ Content ကို ထပ်ခါထပ်ခါ စစ်ဆေးပေးဖို့ လိုပါမယ်။ Source တွေမှန်သလား? ပေးချင်တဲ့ Message ပါပြီလား? Product Ads Post တွေဆိုရင် Information စုံပြီလား? စတာတွေကို Publish မလုပ်ခင်မှာ အကြိမ်ကြိမ်စစ်ဆေးဖို့ မမေ့ပါနဲ့။ Content Writer/ Copywriter  တစ်ယောက်အတွက် တည်းဖြတ်ခြင်း (Editing) က Content Writing Process မှာ အရေးကြီးတဲ့အဆင့်ပါပဲ။

“Killer Title is Everything”

“တောင်းမှာ အကွပ်၊ လူမှာအဝတ်” ဆိုသလို Content တစ်ပုဒ်မှာတော့ “ခေါင်းစဉ်” က အဓိက အရေးပါဆုံး အစိတ်အပိုင်းတစ်ခုပါပဲ။ ခေါင်းစဉ်က ဆွဲဆောင်မှုမရှိဘူးဆိုရင် အောက်က Content စာကိုယ်မှာ ဘယ်လောက်ပဲ ကောင်းအောင် ရေးထားလည်း ဒီ Content က အချည်းအနှီးဖြစ်သွားနိုင်ပါတယ်။ စာဖတ်သူတွေက စာတစ်ပုဒ်လုံးကို မဖတ်ခင် ခေါင်းစဉ်ကို အရင်မြင်မှာဖြစ်တဲ့အတွက် ခေါင်းစဉ်ကို ထိထိမိမိနဲ့ ရေးသားကြဖို့ တိုက်တွန်းလိုပါတယ်။ ခေါင်းစဉ်ကို မြင်ပြီး ဆက်ဖတ်ချင်စိတ်ပေါက်လာအောင် ရေးဖို့ကတော့ ကိုယ့်ရဲ့ Idea တွေနဲ့ အရေးအသားစွမ်းရည်ပေါ်မူတည်တာဖြစ်လို့ သူများတွေဘယ်လိုရေးလဲဆိုတာ လေ့လာပြီး စာများများဖတ်ရင်း လေ့ကျင့်ကြဖို့ အကြံပြုလိုက်ပါတယ်။

“Environment” 

Environment လို့ ပြောတာက optional ပါ။ ကိုယ်က တိတ်ဆိတ်ဆိတ် နေရာတစ်ခုမှာရေးရတာကြိုက်လား၊ ညဘက်တွေမှ ရေးရတာကြိုက်လား စသဖြင့်ပေါ့။ ကိုယ့်က career တစ်ခုခုမှာလုပ်တော့မယ်ဆိုရင်တော့ deadline တွေနဲ့ အကျွမ်းတဝင်ဖြစ်နေဖို့လိုပါတယ်။ ကိုယ်က ညမှ ရေးတက်လို့ ညမှ ရေးပါရစေလုပ်လို့မရဘူးပေါ့။ အဲအတွက် အစားထိုးမှု့တွေလိုအပ်ပါတယ်။ ဉပမာပြောရရင် ညမှ အေးဆေးအလုပ်လုပ်တဲ့သူက နေ့ဘက်မှာ ဒေါင့်တစ်နေရာကို သွား နားကျပ်တပ်ပြီး အလုပ်လုပ်တက်အောင် ကျင့်တာမျိုးပေါ့။ တစ်ချို့ သီချင်းနားထောင်ရင်းရေးတာမျိုးလဲ ကျနော့်အလုပ်တွေမှာ ကြုံဖူးပါတယ်။ ဒါကတော့ မိမိအဆင်ပြေရာ (သို့) လိုက်လျောညီထွေဖြစ်တဲ့ ပတ်ဝန်းကျင်ကို လုပ်ယူရတာမျိုးလဲ လိုအပ်ပါလိမ့်မယ်။

အခု ဖော်ပြသွားတဲ့ အချက်တွေကတော့ ကျနော့်ရဲ့ အတွေ့အကြုံတွေကနေ ရေးသားပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးကို ဖတ်ရှု နေသူတွေ Content Writing နဲ့ ပတ်သတ်လို့ ဗဟုသုတ အချို့ ရရှိ သွားမယ်ဆိုရင် ကျနော်ကျေနပ်ပါပြီ။  နောက်ထပ် စာတွေရေးနိုင်အောင် comment ပေးပြီးတော့ပဲ ဖြစ်ဖြစ် ပြုလုပ်သွားဖို့ အကြံပြုပါရစေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *