USDT

USD Tether (USDT) အကြောင်း

USDT ဆိုတာဘာလဲ? ဘယ်လိုလဲ? ဆိုတာတွေနဲ့ ပတ်သက်လို့ ကျနော်ဖတ်မိသလောက် ကောင်းတဲ့အချက်တွေ၊ ဘယ်လို ဝယ်ရမလဲ ၊ သတိပြုရမယ့် အရာတွေကို တိုတိုနဲ့ လိုရင်း ပြန်ပြီး ပြုစုပေးလိုက်ပါတယ်။

USDT ဆိုတာ

USDT က Stablecoin အမျိုးအစားဖြစ်ပြီး Cryptocurrencies ထဲမှာပါဝင်ပါတယ်။ သူက Bitcoin တို့လို ဈေးအပြောင်းအလဲတွေ၊ ဈေးကစားတာတွေမရှိဘဲ ဈေးငြိမ်အနေအထားနဲ့ပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက 1 USDT = 1$ ဆိုတော့ ဒေါ်လာဈေးအပြောင်းအလဲဖြစ်ခဲ့ရင် USDT တန်ဖိုးကလည်း လိုက်ပြောင်းလဲနိုင်ပါတယ်။ 

Tether က ကမ္ဘာ့ Cryptocurrency ဈေးကွက်ရဲ့ တတိယနေရာမှာ ရှိနေပြီး Stablecoin အနေနဲ့ဆို ပထမနေရာမှာ ရပ်တည်နေပါတယ်။

USDT
Photo Credit : Binance
USDT ရဲ့ ကောင်းတဲ့အချက်တွေက

သူက Cryptocurrencies ဖြစ်တဲ့အတွက် ဘဏ်ဒါမှမဟုတ် အစိုးရတစ်ရပ်ရပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနေပါဘူး။ အဲ့အတွက် ကျနော်တို့နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေ၊ Transaction တွေကို ကျနော်တို့ကိုယ်တိုင်က လွဲရင် ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ပါဘူး။ 

ငွေလွှဲတာတွေမှာ အချိန်ကုန်သက်သာလာပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ Account တစ်ခုနဲ့ တစ်ခုကို လွယ်လွယ်ကူကူ ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။ ငွေလွှဲနှုန်းထားတွေအနေနဲ့လည်း Tether to Tether ဆိုရင် Zero Transaction Fee ပါပဲ။ ချွင်းချက်အနေနဲ့ကတော့ ဒေါ်လာအနေနဲ့ ပြန်ထုတ်ချင်တဲ့အခါမှာတော့ (၁) ရက်ကနေ (၄) ရက်အတွင်း ကြာတတ်ပါတယ်။ 

နောက်တစ်ချက်ကတော့ ကျနော်အရှေ့မှာပြောခဲ့သလို သူက Stablecoin ဖြစ်တာကြောင့် ဈေးအပြောင်းအလဲဖြစ်တာတွေ၊ ဈေးကစားတာတွေ တော်ရုံကြုံရမှာ မဟုတ်ပါဘူး။ Bitcoin ကိုင်တာထက်စာရင် USDT လို Stablecoin ကိုင်တာကတော့ Risk ပိုနည်းတာပေါ့နော်။

USDT ကို ဘယ်လို ဝယ်ကြမလဲ?

USDT ကို မြန်မာငွေနဲ့ ဝယ်ဖို့ဆိုရင် Binance မှာ Credit Card အသုံးပြုပြီး လဲနိုင်သလို Credit Card မရှိရင် Binance ရဲ့ P2P Trading Platform မှာ လဲလှယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ သတိထားရမှာက P2P Trading ကို အသုံးပြုပြီး ဝယ်ယူတဲ့အခါ လိမ်လည်တဲ့သူတွေရှိကောင်းရှိနေနိုင်တာကြောင့် သေချာ ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ 

ဘယ်နည်းနဲ့ပဲဝယ်ဝယ် အရင်ဆုံးတော့ Binance မှာ Register လုပ်ထားဖို့ လိုပါလိမ့်မယ်။ Binance အပြင်အခြား Exchange တွေရှိပေမယ့်လဲ မြန်မာပြည်မှာတော့ Binance က လူသုံးများပြီး မြန်မာဘာသာနဲ့ ဖတ်လို့ရတဲ့ Content တွေရှိလို့ သူ့ကို ညွှန်းပေးလိုက်တာပါ။ (Refer လင့်မထည့်ထားပါ)

USDT နဲ့ ပတ်သက်လို့ သတိပြုရမယ့်အရာတွေ

အဓိက သတိထားရမှာတော့ ငွေကြေးလိမ်လည်တဲ့သူတွေပါပဲ။ Transaction တွေပြန်လိုက်ဖို့ မဖြစ်နိုင်တဲ့အတွက် ငွေအလဲအလှယ်လုပ်တဲ့အခါ သေချာ သတိထားဖို့လိုပါတယ်။ နောက်ပြီး ငွေလွှဲတဲ့အခါလည်း ကျနော်တို့ ပို့ချင်တဲ့သူရဲ့ Account နံပါတ်ဟုတ်ရဲ့လားဆိုတာလည်း သေချာ ပြန်စစ်ဖို့ လိုပါလိမ့်မယ်။ ( KPay လို ကျနော် ငွေလေးမှားလွှဲမိလိုက်လို့ ပြန်လွှဲပေးလို့ရမလား ဆိုပြီး ဖုန်းဆက်တောင်းဖို့ မဖြစ်နိုင်ပါဘူး။) 

Photo Credit : Binance

Tether Website ရဲ့ Terms of Service စာမျက်နှာမှာ “ငွေလွှဲခြင်း၊ ငွေလဲလှယ်ခြင်းနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှု တစ်စုံတရာအတွက် Company မှ တာဝန်မရှိပါ”လို့ ဖော်ပြထားလို့ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ 

တခြားအကြောင်းအရာတွေအနေနဲ့

ကျနော်တို့ 1 USDT မြှုပ်နှံလိုက်တိုင်း Company ကလည်း တန်ဖိုးတူ US 1 Dollar ကို တစ်နေရာရာမှာ အရံငွေအနေနဲ့ ထိန်းသိမ်းထားပေးတယ်လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ သူက Stablecoin ဖြစ်လာတာပါ။ ဒါပေမဲ့ သူတို့က အရံငွေကို 100% ထိန်းသိမ်းမထားဘူးလို့လည်း ထောက်ပြချက်တွေရှိနေပါတယ်။ 

ဘယ်လိုပဲနေနေ ကျနော်တို့ Digital Currency တွေမှာ မြှုပ်နှံလိုက်ရင် အနည်းနဲ့အများတော့ Risk ယူရတာပါပဲ။ ငွေဈေးအတက်အကျကို ဘယ်သူမှ ကွက်တိကြီး ကြိုမခန့်မှန်းနိုင်တဲ့အတွက် ဘယ်လို Cryptocurrency မှာပဲ မြှုပ်နှံမြှုပ်နှံ သင့်တင့်တဲ့ပမာဏကို ချင့်ချိန်ထားဖို့တော့ အကြံပြုပါရစေ။ 

Reference – WAYTOMINE.COM , BINANCE.US , Investopedia, 99 Bitcoins, Internet In Myanmar


Comments

Leave a Reply

Your email address will not be published. Required fields are marked *