Marketing နဲ့ Sales နဲ့ မတူပါဖူး။ ငယ်ငယ်ကတော့ Sales & Marketing ဆိုပြီး Department တစ်ခုတည်းတွေ မြင်ဖူးတဲ့အတွက် အတူတူပဲ ထင်ခဲ့ဖူးပါတယ်။ ရောင်းအား ကို ပံ့ပိုးပေးလို့ ရမယ့် မားကတ်တင်း ဗျူဟာတွေကတော့ အများကြီးပါ။ ခပ်ဆင်ဆင် နဲ့ ခပ်မှားမှား ဖြစ်နေတဲ့ နှစ်ခုအကြောင်းရေးချင်တာနဲ့ ဒါလေး ရေးဖြစ်တာပါ။
Retargeting
အခြေခံ သဘောတရား ပြောရရင် လုပ်ငန်းကို စိတ်ဝင်စားတဲ့ သူတစ်ယောက်က ကျနော်တို့ website ကို နေရာမျိုးစုံကနေ ရောက်လာတယ်။ အဲလို ရောက်လာပြီး ရောက်လာခဲ့ဖူးတဲ့ သူတွေကိုပဲ ရွေးချယ်ပြီး ကျနော်တို့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု ကို ဝယ်ယူလာနိုင်ဖို့ ပြုလုပ်တာကို Retargeting လုပ်တယ်လို့ခေါ်ပါတယ်။
အထူးသဖြင့် Message တစ်ခုခုနဲ့ (သို့) Content တစ်ခုခု နဲ့ ပြန် attention ယူတာပဲ ဖြစ်ဖြစ်၊ သူပြန်လည်မြင်ဖို့ ads တွေ Display Advertisements တွေ ပြုလုပ်တာနဲ့ သေချာ ပြုလုပ်တာကို Retargeting Strategies တွေလို့လဲ ခေါ်ဆိုနိုင်ပါတယ်။
Retargeting ဆိုတဲ့အတိုင်း Sale Process တစ်ခုပေါ်မှာ ရောက်နေတဲ့ လူတွေကို ပြန်ဆွဲခေါ်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ကျနော်အမြဲ ပြောနေကြ ဉပမာ တစ်ခု ဆိုရင် လူတစ်ယောက်က Website ထဲ ဝင်လာတယ် Nike ဖိနပ်ဆိုတာကို ရှာတယ် ဒါပေမဲ့ သူ Product Information Detail တွေကြည့်ပြီး ရုတ်တရက် website ကနေ့ပြန်ထွက်သွားတယ်။ ဒါဆိုရင် ကျနော်တို့ အတွေးဆို သူက Purchase လုပ်ဖို့ တစ်ဆင့်လောက်ပဲ လိုတော့တဲ့ သူလို သတ်မှတ်တယ်ပေါ့။ ဒီလိုလူဆို သူသုံးနေတဲ့ social media မှာပဲ ဖြစ်ဖြစ်၊ App တွေ မှာ၊ Web တွေမှာပဲ ဖြစ်ဖြစ် သူရှာဖွေခဲ့တဲ့ Nike ဖိနပ် ကို သူပြန်မြင်ဖို့ Ads တွေနဲ့ ပြန် Retargeting ထားတာမျိုးလုပ်လို့ရသလို၊ သူက member register လုပ်ထားတယ်ဆိုရင် email လှမ်းပို့ပြီး မင်း check out လုပ်ဖို့ မေ့ခဲ့လား ဒီမှာ ဆက်ပြီး check out လုပ်လိုက်ပါဆိုတဲ့ reminder email လေးမျိုးနဲ့ Purchase ဖြစ်အောင်လုပ်လို့ရနိုင်ပါတယ်။ ဒါတွေအကုန်လုံးကို Retargeting လို့ခေါ်ပါတယ်။ နောက်ကွယ်မှာတော့ setup + tirgger တွေ တော့ လိုအပ်တာပေါ့။
အဲတော့ ဒီ Retargeting နည်းလမ်းကို အသုံးပြုခြင်းအားဖြင့် Sales ကို အများကြီး အထောက်ကူပြုနိုင်တယ်ဆိုတာ တွေ့နိုင်ပါတယ်။
Remarketing
သူ့ အခြေခံသဘောတရားကတော့ ရှိပြီးသား Customers တွေကို ပြန်ပြီး ဆွဲဆောင်တာပေါ့။ အဓိကကတော့ Sale Funnel ထဲတော့ ရောက်နေတဲ့သူတွေပေါ့။ ဉပမာ – ကျနော်တို့ နွားနို့ ထုတ်တယ်ပေါ့။ ဒါပေမဲ့ ခုလမှာ Product အသစ်အနေနဲ့ ငှက်ပျောသီးအရသာ ပါတဲ့ နွားနို့ တစ်ခုကို ထပ်ထုတ်တယ်ဆိုရင် ကျနော်တို့ အဲဒီ နွားနို့ ဝယ်သောက်နေတဲ့ customer တွေကို နမူနာလေး ထည့်ပေးတာဖြစ်ဖြစ် ဒါလေးပါ ရောဝယ်ရင် ဘယ်လောက် Discount လျော့ပေးမယ် ဖြစ်ဖြစ် ပြုလုပ်တာမျိုးကို ဆိုလိုတာပါ။
Remarketing လုပ်ရတာ နည်းနည်းတော့ Plan ကို ဂရုစိုက်ရပါတယ် ဘာလို့လဲဆိုတော့ ပုံမှန်သွားနေတဲ့ content တွေ key message တွေနဲ့ပဲ ဆက်သွားရင်း လုပ်ရတာပါ။ အဲတော့ ဒီနွားနို့ဆိုတဲ့ အရသာကို ကြိုက်လို့ သောက်နေရင်း ကနေ ဌက်ပျော်အရသာ နွားနို့ကို လာသောက်ဖို့ ဆွဲခေါ်ရာမှာ အများကြီး သတိထားဖို့ လိုပါတယ်။ ပြီးရင် ထပ်ပြီး ဝယ်အောင်လဲ ဘာတွေ လုပ်မလဲ ဆိုတဲ့ Strategy တွေ စဉ်းစားရပါတယ်။
အနှစ်ချုပ်ပြန်ပြောရရင် ဒီ Strategies နှစ်ခုဟာ ကိုယ့်လုပ်ငန်းရဲ့ Goals တွေ ပေါ်မူတည်ပြီး သေချာ အသုံးပြုသင့်ပါတယ်။ နောက်တစ်ခုက setup ပေါ့။ Retargeting လုပ်ချင်တယ် ပြောပြီး ကျနော်တို့မှာ အခြေခံ foundation တွေ ဖြစ်တဲ့ website, landing page , facebookFacebook ဆိုတာ Meta က ထုတ်လုပ်ထားတဲ့ Social Networking Site တစ်ခုပါ။ ပထမတော့ ကောလိပ်ကျောင်းသားတွေ အတွက် ဖန်တီးထားတာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ Mark Zuckerberg က Harvard University မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ More pixel ဒါမျိုးတွေ က မရှိမဖြစ်လိုအပ်နေမှာပါ။
ကဲနောက်တစ်ပတ်မှ ပြန်တွေ့တာပေါ့..
Comments