Tag: google

  • ရောင်းအားကို ပံ့ပိုးပေးမယ့် မားကတ်တင်း ဗျူဟာ နှစ်ခု | retargeting vs remarketing

    ရောင်းအားကို ပံ့ပိုးပေးမယ့် မားကတ်တင်း ဗျူဟာ နှစ်ခု | retargeting vs remarketing

    ရောင်းအား ကို ပံ့ပိုးပေးလို့ ရမယ့် မားကတ်တင်း ဗျူဟာတွေကတော့ အများကြီးပါ။ ခပ်ဆင်ဆင် နဲ့ ခပ်မှားမှား ဖြစ်နေတဲ့ နှစ်ခုအကြောင်းရေးချင်တာနဲ့ ဒါလေး ရေးဖြစ်တာပါ။

  • Facebook က ဖင်မနိုင်ပဲ ပဲဟင်းစားနေတဲ့ အဖြစ်

    Facebook က ဖင်မနိုင်ပဲ ပဲဟင်းစားနေတဲ့ အဖြစ်

    ကျနော် လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျနော့် Facebook Account Hack ခံရဖူးပါတယ်။ အဲအချိန်မှာ ကျနော်က  သူများတွေရဲ့ Facebook Page တွေ ကို Like ရအောင် လုပ်ပေးနေတဲ့ Service ပေးနေတဲ့ သူတစ်ယောက်ပေါ့။ အကြီးအကျယ် လုပ်တာလဲ မဟုတ်ပါဘူး ကျနော် အလုပ်တစ်ဖက် IT Enginner ဘဝကို ဖြတ်သန်းရင်း အတွေ့အကြုံရအောင် အသိမိတ်ဆွေတွေ ကို ကူပေးရင်း လေ့လာနေတဲ့အချိန်ပေါ့။ ဇာတ်လမ်းအရှည်ကို နောက် မှ ရေးပါတော့မယ်။ လိုတိုရှင်းပြောရရင် သုံးနေကျ Software တစ်ခုကို ဒေါင်းပြီး install လုပ်ရာကနေ ထိန်းချုပ်ခံလိုက်ရတာပါ။ ကျနော် စက်မှာ ဘာရိုက်ရိုက် သူတို့ server ကို ရောက်နေတဲ့သဘောပေါ့။…

  • ပထမဆုံး Visitor လား?

    သင်က ကျနော့် Website အတွက် ပထမဆုံး Visitor ဆိုရင် ဒီ Post ကနေ စဖတ်ပေးလို့ရပါတယ်။ ကျနော် ပြောနေကြလိုပါပဲ ဒီ website ဟာ ကျနော့်ဆီကို မေးခွန်းလာမေးသမျှထဲမှာ ခဏခဏ အမေးများဆုံး မေးခွန်းတွေကို အဖြေတွေ နဲ့ ပြန် စုစည်းထားသလိုပါပဲ။ ဒီ waiyanthwin.com ဆိုတဲ့ အင်တာနက် စာမျက်နှာကို 2013 August က ဝယ်ယူပြီး Blog တစ်ခု အဖြစ် စတင်ခဲ့တာပါ။ စာရေးသူ အကြောင်း ဖတ်ရန် > About me Facebook နှင့် ပတ်သတ်သော အကြောင်းများ Facebook Page Like များအောင်လုပ်နည်း > https://bit.ly/3wtAhWP Facebook…

  • Readability က ဘာကြောင့် အရေးကြီးတာလဲ?

    Readability က ဘာကြောင့် အရေးကြီးတာလဲ?

    Content အရမ်းကောင်းနေတယ် ဒါပေမဲ့ စကားလုံးတွေကို ဖြတ်သင့်နေရာ မဖြတ်တာ၊ Space မခြားသင့်တဲ့ နေရာ မခြားတာတွေကြောင့် ဖတ်တဲ့သူကို လွယ်လွယ်ကူကူ မဖြစ်စေမျိုးတွေ ကြုံဖူးမှာပါ။ အထူးသဖြင့် Social Media လို့ခေါ်တဲ့ Facebook မှာ စာအရှည်ကြီးတွေ တင်ရင် ပိုသိသာပါတယ်။ မိမိစာကို တစ်ကြောင်းချင်းစီ ဖတ်သွားပြီး နောက်ဆုံးအထိ ဖတ်သွားဖို့ အရေးကြီးပါတယ်။ ဒီလို ဖြစ်အောင် ကူညီနိုင်တာလဲ Readability ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပိုင်း နှစ်ခု ခွဲပြီး ပြောသွားပါရစေ။ ပထမပိုင်းကတော့ Readability ကို အဓိကက SEO နေရာမှာသုံးပါတယ်။ SEO ရဲ့ Rank ကောင်းဖို့ Readability Score ရှိဖို့လိုပါတယ်။ ဘာလို့လဲလို့ မေးရင်…

  • အခကြေးငွေ တောင်းလာနိုင်တဲ့ Google My Business

    အခကြေးငွေ တောင်းလာနိုင်တဲ့ Google My Business

    Google My Business ဟာ လက်ရှိမှာ အခမဲ့ အသုံးပြုနိုင်တဲ့ Business Listing တစ်ခုပါပဲ။ Google Maps အသုံးပြုသူတိုင်း Map ရဲ့ Search Box ကနေပဲ Business လုပ်ငန်းတွေကို ရှာဖွေလေ့ရိကြသလို နေရာတွေကိုလဲ ရှာဖွေလေ့ရှိတယ်။ ပိုက်ဆံကောက်တော့မှာလား? လက်ရှိတော့ အခကြေးငွေ ပေးစရာမလိုသေးပဲ မိမိတို့ လုပ်ငန်းတွေ ကို Google Maps မှာပေါ်အောင်ထည့်လို့ရပါတယ်။ နောက်ပြီး Google Search မှာလဲ ပေါ်သေးပါတယ်။ ပြသနာက အဲမှာစတာပါ။ SEM သုံးတဲ့ သူတွေဟာ ပိုက်ဆံပေးပြီး သူတို့ ထိပ်ဆုံးရအောင်လုပ်နေရချိန်မှာ Google Business ကသာ နာမည်တူရင် သူက ဘေးမှာ organic နဲ့ ပေါ်နေတာကြောင့်လဲ…

  • Two-Step Verification ဆိုတာ?

    Two-Step Verification ဆိုတာ?

    Two Step Verification  အကြောင်းမပြောခင် စိတ်ကူးယဉ် ကြည့်ရအောင်။ မြန်မာနိုင်ငံကြီး အရမ်းဖွံ့ဖြိုးလာနေပြီ။ Mobile ဖုန်းကနေ ငွေပေးချေစနစ်တွေ၊ Credit Card တွေ၊ ပိုက်ဆံအိတ် သယ်စရာ ကို မလိုပဲ သွားလာနိုင်နေတဲ့ ခေတ်ရောက်နေပြီပေါ့။ အဲမှာ ကိုယ့် ဘဏ်မှာ လျှောက်ထားတဲ့ ကဒ်တွေ ကလဲ ကိုယ့်ရဲ့ အလကားရတဲ့ Gmail နဲ့ ချိတ်ထားတယ်ပေါ့။ လူတစ်ယောက်က မတော်တဆ ဒါမှ မဟုတ် ကိုယ့် Password က မှန်းရလွယ်တဲ့ “ရည်းစားနာမည်” “ကိုယ့်ဖုန်းနံပါတ်” “ကိုယ့်အိမ်နံပါတ်” ပဲ ထားထားတာကို သိပြီး ကိုယ့်အကောင့်ကို တစ်နေရာကနေ လှမ်းယူဖို့ကြိုးစားနေတယ်ပေါ့။ အဲမှာ မှန်းချက်နဲ့ ကွက်တိဖြစ်ပြီး အကောင့် Login ရသွားတယ်။ ဒါက တစ်ပိုင်း။ နောက်တစ်ပိုင်းက အဲလိုပဲ မှန်းချက်နဲ့ ကွက်တိဖြစ်ပြီး…

  • Traffic တွေ Live စတင်မြင်ရတဲ့ Google Maps

    Traffic တွေ Live စတင်မြင်ရတဲ့ Google Maps

    ခုဆိုရင် ကျနော်တို့ နိုင်ငံမှာ Google Maps Application က Traffic တွေပါ ပြလာတယ်ဆိုတာ သတိထားမိကြမှာပါ။ Colour တွေ က ဘာတွေကို ဆိုလိုတာလဲ? Traffic colors Green (အစိမ်းရောင်) ။ ။ မိမိသွားမဲ့ လမ်းမှာ အစိမ်းရောင်တွေ ရှိနေရင်တော့ Traffic မရှိဘူးလို့ ဆိုလိုတာပါ။ Orange (လိမ္မော်ရောင်) ။ ။ ပုံမှန် အလယ်အလတ် လောက်ရှိတဲ့ Traffic ကိုပြောတာပါ Red (အနီရောင်) ။ ။ ဒါကတော့ traffic ပိတ်နေတယ်လို့ ဆိုပါတယ်။ နီညှိရောင်ဖြစ်နေရင် လမ်းခရီးကို ပိုကြံကြာစေနိုင်တယ်လို့တောင် ပြောထားပါတယ်။ ဒါဆို သွားချင်တဲ့နေရာကို google maps application…