Facebook Blue Mark ကိစ္စ ပဲ လာလာမေးကြလွန်းလို့ ၊ Status တင်လိုက်တာ အကုန်လုံးက ဒီ မေးခွန်းဆီကို ဦးတည်လာလို့ ဒီကနေပဲ Blue Mark ကို ဘယ်လို ယူရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

Feb 19,2023 ကမှ စပြီး မိတ်ဆက်ခဲ့တာပေါ့။ နောက်ဆုံး ကျနော်သိထားတဲ့ သတင်းအရ  June 7, 2023 တုန်းကမှ India ဘက်မှာ စရတာပါ။ ပြီးတော့ Brazil ဘက်ကို စပေးနေပြီပေါ့။ ဒါပေမဲ့ June 27 မှာတော့ Globally ဖြည်းဖြည်းချင်း ဖြန့်ကျက်မယ်လို့  ကြေညာ တာ ကျနော် ဖတ်လိုက်ရတယ်။ 

အမှန်တိုင်းပြောရရင် Canada ဘက်မှာ လုပ်ကတည်းက ကျနော်က VPN နဲ့ စမ်းဖို့ စဉ်းစားထားပေမယ့် လက်ရှိ ကျနော့် Meta Account တွေရဲ့ Feature တွေ မတူမှာစိုးလို့ ရပ်လိုက်တယ်။ India မှာ စရတဲ့ချိန်မှာ ဒီ ပထမဆုံး နည်းလမ်းကို သုံးခဲ့တယ်။

ပထမဆုံး နည်းလမ်း

ရတဲ့သူရဲ့ Profile က Blue Mark ကို နှိပ် Learn More ကနေ Wait list လုပ်တဲ့ နည်းပါ။ Wait list ထဲပါသွားပြီဆိုရင် (တစ်ပတ်လောက် ကြာတယ် ကျနော့်တုန်းက) Notification ကနေ အောက်ကပုံလိုမျိုး တက်လာရင် ရပါပြီ။ 

ဒုတိယ နည်းလမ်း ကတော့ 

ကိုယ့် Account Settings ထဲက Account Centers ကနေ သွားပြီး ဘယ်အကောင့်ကို လုပ်ချင်တာလဲ ရွေးပြီး လုပ်ရုံပါပဲ။

တတိယ နည်းလမ်းကတော့

ဒီ Link (နှိပ်ပါ) ကနေ တိုက်ရိုက်သွားပြီ ဆက်သွားရုံပါပဲ။

ဘာတွေ အကျိုးကျေးဇူးရမလဲပေါ့


အဓိကကတော့ Blue Mark လေးရမယ်ပေါ့။ ကိုယ့် ID တစ်ခုခု လိုပါတယ် Passport နဲ့ကျနော်က လုပ်လိုက်တာ။ ကိုယ့်အကောင့်အတွက် Protection ရမယ် အကောင့်ကျတက်တဲ့သူတွေနဲ့ ဆို ပိုအဆင်ပြေမယ်။ နောက်တစ်ခုက Premium Support ပေါ့ ကျနော်ကတော့ အဲတစ်ခုကြိုက်တယ် (အားရင် ရစ်လို့ရတယ်) နောက်ပြီး Premium Sticker တွေသုံးလို့ရမယ်။ နောက်ဆုံးတစ်ခုကတော့ Exclusive feature အသစ်တွေ စမ်းသုံးခွင့်ပေးမယ်လို့လဲ ပြောထားပါတယ်။

ဘယ်လောက်ကျမလဲ

အကြမ်းမျဉ်း အနေနဲ့ web version ကနေ ဝယ်ရင် တစ်လကို USD 11.99 ရှိပြီး iOS app လိုမျိုးက ဝယ်ရင် USD 14.99 ရှိပါမယ်။ ဘာလို့ စျေးကြီးတာလဲဆိုရင် ကျနော့် အသိ Developer တွေ ပြောပုံအရ iOS ကိုပေးရတဲ့ commision fees များလို့ပေါ့။ အဲတော့ web ကနေ ဝယ်တာ အကောင်းဆုံးပါ ။

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles