ယုံကြည်မှုရစေဖို့လား?

Facebook အနေနဲ့ အင်္ဂါနေ့က Facebook Developer Platform မှာ ကြေငြာချက်အသစ်တွေ ထုတ်ပြန်ခဲ့ပာတယ်။

အသိသာဆုံးကြေငြာချက်ကတော့ Facebook Developer တွေရဲ့ app တွေ အလိုအလျောက် post တင်ခွင့်ပိတ် လိုက်ပာတယ်။ အသုံးပြုသူတွေ ယုံကြည်မှုရစေဖို့အတွက် ပြုလုပ်ခဲ့တာဖြစ်ပြီး Developers တွေ အတွက်တော့ လုံး၀ suprise တစ်ခုပာ။

ဒာ့အပြင် app တွေ အနေနဲ့ Live auto လွှင့်ခွင့်လည်း ပိတ်ပင်ခံလိုက်ရပြီး Facebook ရဲ့ သီးခြား တွဲဖက် app တွေ ကိုသာ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးမှာဖြစ်ပာတယ်။

ကိုယ် Facebook ကို တခြား app တွေ ကနေ log in ဝင်လိုက်တယ်။ ကိုယ့်အနေနဲ့ ဘာမှမလုပ်ပဲ နောက်ပိုင်းမှာ app ကနေ ကိုယ်မသိအောင် post တွေ တင်ထားတာတွေဖြစ်နေတာပာ။ ဒီကြေငြာမှု အပြီးမှာတော့ ဒီလိုတွေမရှိတော့ပါဘူး။

ဒီစည်းကမ်းကို အရင် Log In လုပ်ပြီးသား app တွေက August (1) ကနေစပြီး သက်ရောက်မှာဖြစ်ပြီး နောက်ဝင်လာမယ့် app အသစ်တွေကတော့ ချက်ချင်းသက်ရောက်မှုရှိမှာပာ။ Facebook အနေနဲ့ post အစား share တာကိုအသုံးပြုဖို့ Developer တွေကို တိုက်တွန်းထားပါတယ်။

ဒီအပြောင်းအလဲဟာ အတော်ကြီးသိသာပြီး လုပ်သင့်နေတဲ့ အပြောင်းအလဲပာ။ Facebook သက်တမ်း (၁၁) နှစ်အတွင်း အလိုအလျောက် post တင်ခြင်းတွေဟာ အတော်ဆိုးလာပါတယ်။ ဒီအပြောင်းအလဲကြောင့် Developer အချို့လည်း အတော်အကြပ်ရိုက်မှာပါ။

တခြားအပြောင်းအလဲတစ်ခု

နောက်ထပ်သိသာ ကြီးမားတဲ့ အပြောင်းအလဲကတော့ Live လွှင့်တာကို ကန့်သတ်လိုက်ခြင်းပါ။ ကြိုတင် စီစစ်ထားတဲ့ app တွေကို သာ Live ပေးလွှင့်တော့မှာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲ ကြေငြာချက်တွေဟာ Cambridge Analytica ဖြစ်ရပ်အပြီး Facebook အနေနဲ့ User 87 million ရဲ့အချက်အလက်တွေ ခိုးယူခံရပြီးနောက် User တွေရဲ့ အချက်အလက် လုံခြုံရေးကို ဂရုစိုက်ကြောင်းပြဖို့အတွက် အပြောင်းအလဲတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။

ဒါဟာ တစ်လအတွင်း Facebook policy တွေပြောင်းတာ (၂) ကြိမ်မြောက်ဖြစ်ပါတယ်။ April လထဲတုန်းကလည်း Facebook အနေနဲ့ Instagram old platform တစ်ခုကို ဖျက်ချခဲ့ပါတယ်။ ဒါ့အပြင် လူသုံးနည်းတဲ့ Developer Features အချို့လည်းဖျက်ခဲ့ပါတယ်။Facebook အနေနဲ့ နောက်အပတ်ထဲမှာ ကျင်းပမယ့် F8 Conference မှာ ထပ်ပြီးကြေငြာချက်တွေ လာဖို့ရှိမယ်လို့ မျှော်မှန်းရပါတယ်။

နောက်ပြီး Facebook အနေနဲ့ ခုလိုအပြောင်းအလဲတွေကြောင့် Facebook Developers တွေ ဘယ်လိုအခက်အခဲတွေ ရှိလဲဆိုတာကို  form ဖြည့်ပြီးပြောကြားနိုင်အောင် ဆောင်ရွက်ထားပါတယ်။

Source: Facebook Developer, Business Insider

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles