ဒီရက်ပိုင်း အင်တာနက်အသုံးပြုရမှာ VPN တွေ လိုအပ်လာပါတယ်။ ဘယ်လောက်ပဲ စိတ်ချရတဲ့ website, app ဖြစ်ပါစေ VPN ခံသုံးတာ သာမန်ထက်ပိုစိတ်ချရပါတယ်။

ဘာကြောင့် VPN သုံးသင့်တာလဲ?

VPN အသုံးပြုသင့်တဲ့ အချက်တစ်ချို့ ကျနော် ဖတ်ဖူးသမျှ ပြန်မျှပါရစေ။

  • လုံခြုံတဲ့ ကွန်ယက်ဖြစ်ဖို့
  • ဆင်ဆာလုပ်ထားတာတွေကို ကျော်ဖြတ်ဖို့

ISP လို့ခေါ်တဲ့ Internet Service Provider တွေဟာ ကျနော်တို့ ဘယ် website တွေ ကြည့်နေလဲ Logs တွေ နဲ့ ကျနော်တို့ Internet Traffic တွေကို လိုအပ်သလိုကြည့်ရူ့နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်သုံးနေတဲ့ Public Wifi တွေ က မလုံခြုံတက်ပါဘူး Hacker တွေက မိမိနဲ့ အတူတူ Public Wifi တွေ အတူတူသုံးနေတယ်ဆိုရင် ကိုယ့် Data တွေ လုံခြုံမှု့ မရှိတော့ပါဘူး။ ဒါတွေကို VPN ခံလိုက်တာနဲ့ ကျနော်တို့ အသုံးပြုနေတဲ့ Internet Traffic တွေ Browsing စတဲ့ အရာတွေကို Encrypt လုပ်ထားတဲ့အတွက် နောက်ဆုံးအဆင့် ဖတ်လို့ရခဲ့ရင်တောင် ဘာ မှ လုပ်လို့ရတော့မှာ မဟုတ်တော့ပါဘူး။

ဆင်ဆာ ကတော့ရှင်းပါတယ် နိုင်ငံတစ်နိုင်က ပိတ်ထားတဲ့ website တွေ app တွေကို VPN တွေက ကျော်လွှားပေးနိုင်ပါတယ်။ တစ်ချို့ Netflix လိုမျိုးဆို ဇာတ်ကားတွေကို နိုင်ငံအလိုက် ကန့်သတ်ထားတာမျိုးတောင် VPN သုံးပြီးကြည့်ကြပါသေးတယ်။

မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ VPN တွေဘယ်လိုရှာမလဲ?

အများစုကတော့ Google Play တို့ App Store တို့ APK Pure တို့မှာ တိုက်ရိုက် ရိုက်ရှာဖွေ Download ကြပါတယ်။ ဒါတွေကို အဆင်ပြေအောင်ဆိုပြီး ပြုလုပ်ပေးထားတဲ့ website တစ်ခု ကတော့ https://vpnmm.tech/ ပါ။ လွယ်လွယ်ကူကူ Download ပြုလုပ်နိုင်သလို မိမိတို့ ISP နဲ့ကိုက်ညီတဲ့ VPN တွေကိုလဲ recommed လုပ်ထားသလို အသုံးပြုနည်းတွေလဲ မျှဝေပေးထားပါတယ်။

https://vpnmm.tech/keys/ မှာဆိုရင် ကြုံရင်ကြုံသလို အသုံးပြုနိုင်တဲ့ outline keys တွေလည်း မျှဝေထားတာတွေ့လို့ အကျိုးရှိအောင် Share ပေးလိုက်ပါတယ်။

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles